
မုံရွာ အောက်တိုဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှ ပြည်သူများအတွက် ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေး ထားသည့် နိုင်ငံသားစိစစ်ရေးကတ် ၂၆၂၂ ကတ်ကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အောက်တိုဘာ ၈ ရက်က ဟုမ္မလင်းမြို့ မြို့တော်ခန်းမ၌ ပေးအပ်သည်။
စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများက ဟုမ္မလင်းမြို့တော် ခန်းမ၌ ကျင်းပသော မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ နှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး မြို့နယ်နေပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ် ၂၆၂၂ ကတ်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ် ရန်လိုအပ်နေသည့် ထောက်ပံ့ငွေ ကျပ် ၁၄၀၁ သိန်းကျော်ကို တိုင်းရင်းသားကိုယ်စားလှယ်များ ထံသို့လည်းကောင်း၊ ကျန်းမာရေး ကဏ္ဍအတွက် ထောက်ပံ့ငွေ၊ လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး များ၊ Concentrator များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်း များ၊ စားသောက်ဖွယ်ရာများ၊ အားကစားပစ္စည်းများကိုလည်းကောင်း၊ ဒေသခံတောင်သူများ အတွက် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို လည်းကောင်း တာဝန်ရှိသူများထံ ပေးအပ်သည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ခန္တီးခရိုင်နှင့် ဟုမ္မလင်းမြို့နယ်မှ တာဝန်ရှိသူများက တိုင်းဒေသ ကြီးအတွင်း ဆောင်ရွက်နေသည့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေမှုများ၊ လမ်းပန်းဆက်သွယ်ရေး ကောင်း မွန်ရေးအတွက် ဆောင်ရွက်ပေး နေမှု အခြေအနေများ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်နေမှုအခြေအနေများ၊ မြို့ရွာ သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှု အခြေအနေများ နှင့် သဘာဝပတ်ဝန်းကျင် စိမ်း လန်းစိုပြည်ရေးနှင့် ထိန်းသိမ်းရေး ဆိုင်ရာများကို ဆွေးနွေးကြသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)