
ဟင်္သာတ ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့တွင် ကိုဗစ်-၁၉ လူနာထားရှိရန် နေရာများ တိုးချဲ့ပြင်ဆင် ဆောင်ရွက်မှု များကို ယနေ့ နံနက် ၈ နာရီကစတင်၍ ဟင်္သာတတက္ကသိုလ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ လူနာ များကို ခရိုင်ပြည်သူ့ဆေးရုံကြီး၊ သူနာပြု သင်တန်းကျောင်းနှင့် မြို့တော်ခန်းမကြီး၊ သာသနာ့ဗိမာန်တို့တွင် ယာယီဆေးရုံများ အဖြစ် ဖွင့်လှစ်ဆောင်ရွက်နေပြီး Quarantine Center အဖြစ် ဘေးစီမံသင်တန်းကျောင်းတို့ တွင် ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေး စောင့်ရှောက် မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ ကူးစက်နှုန်းမြင့်တက် မြန်ဆန်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ထိန်းချုပ် နိုင်ရေးအတွက် ထိစပ်သူများအား ထားရှိရန် လိုအပ်ပါက အသုံးပြုနိုင်ရန် ဟင်္သာတ တက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားရုံနှင့် ကံ့ကော်ဆောင်တို့တွင် ထားရှိနိုင်ရေး ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
အဆိုပါ ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများ ကို ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်ကော်မတီ အဖွဲ့ဝင်များ၊ နယ်မြေခံတပ်ဖွဲ့ များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့ပေါ်နှင့် ရပ်ကျေးအဖွဲ့များ၊ ဟင်္သာတ တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဝန်ထမ်းများက လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ကိုဇော် (ပြန်/ဆက်)