ဟိုင်းကြီးကျွန်းမြို့တွင် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရေးပညာပေး

ဟိုင်းကြီးကျွန်း    ဇူလိုင်   ၄
ဧရာဝတီတိုင်းဒေသကြီး   ပုသိမ် ခရိုင် ဟိုင်းကြီးကျွန်းမြို့ရှိ ပြည်သူ များအား    ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု   မရှိစေရေးနှင့်  ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက်      နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင်   နှာခေါင်းစည်း မဖြစ်မနေ   တပ်ဆင်ရေး၊  ပါးစပ် နှာခေါင်းစည်း       တပ်ဆင်ရေး          ပညာပေး       ပြုလုပ်ခြင်းကို အမှတ် (၁)၊ (၂) ၊ (၃) ရပ်ကွက်များ၌ လူစည်ကားရာ    နေရာများတွင်  ယနေ့နံနက်   ၁၀     နာရီက ဆောင်ရွက်သည်။   
ယင်းသို့  ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက   ဟိုင်းကြီး ကျွန်းမြို့ရှိ    စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် ကုန်စုံ ဆိုင်များအား    ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ  ထုတ် ပြန်ထားသည့်    စည်းကမ်းချက် များနှင့်အညီ  ရောင်းချမှု ရှိစေရေး၊ ပြည်သူများအနေဖြင့်   နေအိမ် ပြင်ပသို့ထွက်ခွာပါက  နှာခေါင်း စည်း မဖြစ်မနေ  တပ်ဆင်စေရေး ကြပ်မတ်စစ်ဆေးပြီး    နှာခေါင်း စည်း တပ်ဆင်ထားခြင်းမရှိသည့် ပြည်သူများအား နှာခေါင်းစည်း အခမဲ့     ဖြန့်ဝေတပ်ဆင်စေခြင်း တို့ကို    ဆောင်ရွက်ကြကြောင်း သိရသည်။
 လွှမ်းသီဟ (ပြန်/ဆက်)