ဟိုင်းကြီးကျွန်းမြို့တွင် ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးဟောပြော

 

ဟိုင်းကြီးကျွန်း   ဇွန်  ၁၁


ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီး ကျွန်းမြို့တွင်     ငါးသယံဇာတ များ   မပြုန်းတီးစေရေးအတွက် ငါးသယံဇာတ   ထိန်းသိမ်းရေး အသိပညာပေး  ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ဟိုင်းကြီး ကျွန်းမြို့ ငါးလုပ်ငန်းဦးစီးဌာနရုံး ၌ ကျင်းပသည်။

 


ရှေးဦးစွာ ဟိုင်းကြီးကျွန်းမြို့ ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသန်း ထွန်းအောင်က မေ၊  ဇွန်၊ ဇူလိုင်လ များသည် ငါးရစ်၊ ငါးသန်ကာလ ဖြစ်ပြီး ငါးများမိတ်လိုက်၊ ဥချ၊ သားပေါက်သည့် ရာသီချိန်ဖြစ် သဖြင့် အဆိုပါရာသီတွင် တားမြစ် ငါးဖမ်းကိရိယာများဖြင့် ငါးဖမ်း ဆီးခြင်း၊  ပိုက်စိမ်းဘဝင်းထောင် ခြင်း၊ ဘက်ထရီရှော့တိုက်၊ မိုင်းခွဲ၊ အဆိပ်ချ၍    ငါးဖမ်းဆီးခြင်း၊ ကမ်းနီးတရွတ်ဆွဲ၍   ငါးဖမ်းဆီး ခြင်း၊ ငါးမန်းဖမ်းဆီးခြင်း၊ ငါးမျှား စကြာဖြင့်       ငါးဖမ်းဆီးခြင်း၊ သတ်မှတ်     အတိုင်းအတာနှင့် မပြည့်မီသော      ကဏန်းများ ဖမ်းဆီးခြင်းတို့ကို   မပြုလုပ်ကြ ရန်နှင့် ထိုသို့ပြုလုပ်၍   ဖမ်းဆီး ပါက ငါးသယံဇာတများ ပြုန်းတီး သွားပြီး   နောင်တွင်   ငါးသယံဇာတ ရှားပါးလာမှုများနှင့်  ရင်ဆိုင်ကြ ရမည်ဖြစ်ကြောင်း အသိပညာပေး ပြောကြားသည်။

 


အဆိုပါ    ဟောပြောပွဲသို့ မြို့အဆင့်   ဌာနဆိုင်ရာတာဝန် ရှိသူများ၊ မြို့မိမြို့ဖများ၊ ကမ်းဝေး/ကမ်းနီး    ရေလုပ်ငန်းရှင်များ၊ ရေလုပ်သားများနှင့်      စိတ်ပါ ဝင်စားသူ     ဒေသခံပြည်သူများ တက်ရောက်ကြပြီး     သိလိုသည် များကို    မေးမြန်းဆွေးနွေးခဲ့ရာ ဟိုင်းကြီးကျွန်းမြို့    ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးသန်းထွန်းအောင် က          ပြန်လည်ဆွေးနွေး ဖြေကြားပေးကြောင်း       သိရသည်။


လှိုင်မျိုးအောင်(ပြန်/ဆက်)