ဟိုင်းကြီးကျွန်းမြို့နယ် မြန်မာ့ပင်လယ်ပြင်အတွင်း စက်ချို့ယွင်းမှုဖြစ်ပွားခဲ့သည့် ငါးဖမ်းစက်လှေမှ လှေသားများအား ကူညီကယ်ဆယ်

 

 

နေပြည်တော် ဒီဇင်ဘာ ၆    ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီး ကျွန်းမြို့         ကျောက်ချောင်း ကျေးရွာနေ  ဦးဖိုးဇော်ပိုင်ဆိုင်သည့် အောင်သစ္စာ အမည်ရှိ ငါးဖမ်းလှေ သည် ဒီဇင်ဘာ၄ ရက် နံနက်ပိုင်း က   ဟိုင်းကြီးကျွန်းမြို့၏ အရှေ့ တောင်ဘက်  ရေမိုင် ၁၈ ဒသမ ၅ မိုင် အနီး၌ စက်ချို့ယွင်းမှုကြောင့် ပုလဲကျောက်တန်းပေါ်သို့   တင်၍ တိမ်းစောင်းမှု ဖြစ်ပွားနေကြောင်း သတင်းအရ   တပ်မတော်(ရေ)မှ တပ်မတော်သားများက      စစ် ရေယာဉ်ဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ        သွားရောက် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ          စက်လှေတွင် လှေသား ၂၆ ဦးပါဝင်ပြီး ၎င်းတို့ကို စစ်ရေယာဉ်ဖြင့်     သွားရောက် ကယ်ဆယ်ခေါ်ဆောင်၍ ကျန်းမာ ရေး  စောင့်ရှောက်မှုလုပ်ငန်းများ နှင့် လိုအပ်သည့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများ  ဆောင်ရွက်ပေး သည်။ ထို့ပြင်  တပ်မတော်သား များက  ငါးဖမ်းစက်လှေမှ ပစ္စည်း များကို     ကူညီရွှေ့ပြောင်းပေးပြီး လှေသားများအား သက်ဆိုင်ရာ နေရာသို့ ပြန်လည်ပို့ဆောင်ပေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်