ဟေတီနိုင်ငံတွင်  ဆီသယ်ယာဉ်ပေါက်ကွဲမှုကြောင့်  သေဆုံးသူဦးရေမှာ ၉၀ အထိရှိလာ

 

 

ပေါ်တိုပရင့်စ်   ဒီဇင်ဘာ  ၂၁
ဟေတီနိုင်ငံမြောက်ပိုင်းဆိပ်ကမ်းမြို့ ကပ်ဟေရှန်းမြို့တွင် ပြီးခဲ့ သည့် သီတင်းပတ်အတွင်းက ဆီသယ်ယာဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ   ၉၀  ထက်မနည်း  ရှိလာကြောင်း  ဒေသခံ   အာဏာပိုင်တစ်ဦးက  ပြောသည်။ 
ဒဏ်ရာပြင်းထန်စွာရရှိသူများမှာ  ဆေးရုံတွင်   ကုသမှုခံယူ နေဆဲဖြစ်ပြီး  သေဆုံးသူဦးရေမှာလည်း  တည်ငြိမ်မှုမရှိသေးပေ။ ဒီဇင်ဘာ  ၁၃  ရက်ညပိုင်းတွင်  ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ဆီသယ်ယာဉ်က မော်တော်ဆိုင်ကယ်ကို  ရှောင်ရှားရန် ကြိုးပမ်း စဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ 
ဒေသခံများက ပြန့်ကျဲနေသည့်ဆီများကို ခပ်ယူရန်ကြိုးပမ်းစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။                                      ဆင်ဟွာ