ဟေတီနိုင်ငံ၌ အမေရိကန်အကူအညီပေးရေးအဖွဲ့မှ အဖွဲ့ဝင်များ ပြန်ပေးဆွဲခံရ  


 

ပေါ်တိုပရင့်စ် အောက်တိုဘာ ၁၈


ဟေတီနိုင်ငံရှိ   အုပ်စုတစ်စုသည် အမေရိကန်  အကူအညီပေးရေး အဖွဲ့အစည်းမှ     အဖွဲ့ဝင် ၁၇ ဦး ကို      ပြန်ပေးဆွဲခဲ့သည်ဟု    သိရ သည်။ 
အမေရိကန်   အိုဟိုင်းယိုးပြည် နယ်  အခြေစိုက် အကူအညီပေးရေး အဖွဲ့အစည်းမှ    အဖွဲ့ဝင်များနှင့် ၎င်းတို့၏     မိသားစုဝင်များမှာ အောက်တိုဘာ   ၁၆   ရက်က ဟေတီနိုင်ငံ     ပေါ်တိုပရင့်စ် မြို့တွင်       ပြန်ပေးဆွဲခံရခြင်း ဖြစ်သည်။
အမေရိကန်   ခြောက်ဦးနှင့် ကနေဒါတစ်ဦးတို့ကို    ဓားစားခံ အဖြစ်     ဖမ်းဆီးခံထားရသည်ဟု အကူအညီပေးရေးအဖွဲ့က   ပြော သည်။
 ပြန်ပေးဆွဲခံရသူများထဲတွင် အမျိုးသမီး  ခုနစ်ဦးနှင့်   ကလေး ငါးဦး ပါဝင်သည်ဟု  သိရသည်။ မိဘမဲ့ဂေဟာသို့  သွားရောက်စဉ် အဖမ်းခံရခြင်းဖြစ်သည်။ 
အဆိုပါ    ပြန်ပေးဆွဲမှုတွင်  ဒေသခံ  ဂိုဏ်းအဖွဲ့တစ်ဖွဲ့    ပါဝင် သည်ဟု   အမေရိကန်မီဒီယာများ တွင် ဖော်ပြကြသည်။    အခင်းဖြစ် ပွားမှုနှင့် ပတ်သက်ပြီး   ရဲများက စုံစမ်းစစ်ဆေးမှုများ  ပြုလုပ်လျက် ရှိသည်။ 
ဟေတီနိုင်ငံသည်  နိုင်ငံရေး နှင့်   စီးပွားရေးအရ   ဖရိုဖရဲဖြစ်မှု များအောက်တွင်   ကျရောက်နေ သည်။   လုံခြုံရေး  အခြေအနေမှာ လည်း   ဆိုးရွားလျက်ရှိသည်။ 
ဩဂုတ်လအတွင်း    အင်အား ပြင်းထန်သည့် ငလျင်လှုပ်မှုအပြီး လူပေါင်း ၂၀၀၀ သေဆုံးခဲ့ရသည်။ ပြန်ပေးဆွဲငွေ     ရရှိရေးအတွက် အုပ်စုဖွဲ့ကာ      ပြန်ပေးဆွဲခြင်းများ ပြုလုပ်လာကြသည်။ 
အင်န်အိတ်ချ်ကေ