ဟောင်ကောင်(တရုတ်) - စီအယ်လ်အမ်ဗွီ (CLMV)အွန်လိုင်းရင်းနှီးမြှုပ်နှံမှုဖိုရမ် ကျင်းပ

 

နေပြည်တော်    မေ   ၃၁ 
ASEAN-Hong Kong Free Trade Agreement (AHKFTA) ၏ စီးပွားရေးနှင့်   နည်းပညာပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်အရ ဟောင်ကောင်(တရုတ်)နှင့် CLMV အဖွဲ့ဝင်နိုင်ငံများအနေဖြင့်  ကိုဗစ်ကာလ အလွန်     ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းမှတစ်ဆင့် စီးပွားရေး   ပြန်လည်ဦးမော့လာစေရန်   ရည်ရွယ်၍ ဟောင်ကောင်(တရုတ်)-   စီအယ်လ်အမ်ဗွီ (CLMV) အွန်လိုင်းရင်းနှီးမြှုပ်နှံမှုဖိုရမ် (HKC-CLMV Online Investment Forum) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီး မြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနက ဦးဆောင်၍ Online စနစ်ဖြင့် ကျင်းပသည်။
ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် က Video Message ဖြင့် အဖွင့်အမှာစကားပြောကြား ရာတွင် ယခုဖိုရမ်ကို မြန်မာနိုင်ငံက ဦးဆောင်ကျင်းပ ခွင့်ရသည့်အတွက်     များစွာဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း၊  အာဆီယံနှင့် ဟောင်ကောင် (တရုတ်) တို့ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုအတွက် ဆွဲဆောင်နိုင်စွမ်းရှိ သည့်   ဒေသများဖြစ်သည်နှင့်အညီ   အခမ်းအနားမှ တစ်ဆင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ သိရှိနားလည်ပြီး ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ထွန်း လာမည်ဟု မျှော်လင့်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့်      ဒေသတွင်း မဟာဗျူဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အထောက် အကူပြုစေပြီး  CLMV  အဖွဲ့ဝင်နိုင်ငံများ ပါဝင်မှုကို မြှင့်တင်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်နိုင်မည် ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။ 
ဖိုရမ်တွင် ဟောင်ကောင်(တရုတ်)၊ ကမ္ဘောဒီးယား နိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ    အခွင့်အလမ်းများကို  Video Clip များဖြင့်  တင်ဆက်ပြသခဲ့ကြသည်။  သက်ဆိုင်ရာ နိုင်ငံအသီးသီး၏     ရင်းနှီးမြှုပ်နှံမှုအေဂျင်စီများမှ တာဝန်ရှိသူများကလည်း   မိမိတို့နိုင်ငံ၏   ရင်းနှီး မြှုပ်နှံမှု အခွင့်အလမ်းများ၊ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်          လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ Power Point Presentation များဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင်  သက်ဆိုင်ရာနိုင်ငံများအလိုက် စကားဝိုင်းဆွေးနွေးပွဲများ             ဆက်လက်ကျင်းပပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်လိုသည့် လုပ်ငန်းစီမံ ကိန်းများကို တာဝန်ရှိသူများက ဆွေးနွေးတင်ပြကြ ရာ တက်ရောက်လာသည့် နိုင်ငံအသီးသီးမှ စီးပွားရေး လုပ်ငန်းရှင်များက   သိရှိလိုသည်များကို   ပြန်လည် ဆွေးနွေးကြသည်။      စကားဝိုင်းဆွေးနွေးပွဲတွင် ဟောင်ကောင်(တရုတ်)နှင့် CLMV အဖွဲ့ဝင် နိုင်ငံများ အကြား စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကိုဦးတည် သည့်   ရင်းနှီးမြှုပ်နှံမှုများ၊   စီးပွားရေး   ပူးပေါင်း ဆောင်ရွက်မှုများနှင့်  ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ  အခွင့် အလမ်းများကို    စိတ်ဝင်စားစွာဖြင့်    အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါဖိုရမ်သို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန     ညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနအဖွဲ့အစည်းများမှ  အဆင့် မြင့် အရာရှိကြီးများ၊ အာဆီယံ အထွေထွေအတွင်းရေး မှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာသံရုံးများ ၏   ကိုယ်စားလှယ်များ၊  ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အေဂျင်စီအဖွဲ့အစည်းများမှ          တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ          ကုန်သည်စက်မှုအသင်းများ၊ စီးပွားရေး အသင်းအဖွဲ့များ၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်း ရှင်များ တက်ရောက်ခဲ့သည်။ 
ယခုဖိုရမ်သည် နိုင်ငံအသီးသီးမှ တက်ရောက်ကြ သည့် ရင်းနှီးမြှုပ်နှံသူများနှင့် စွန့်ဦးတီထွင်လုပ်ငန်း ရှင်များအကြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်း များ၊     ပူးပေါင်းဆောင်ရွက်မှုများနှင့်   စီးပွားရေး ချိတ်ဆက်မှုရရှိခဲ့ကြပြီး CLMV နိုင်ငံများမှ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ       အဖွဲ့အစည်းများအကြားလည်း ချိတ်ဆက်မှုများ တိုးမြှင့်နိုင်ခဲ့ကြောင်း သိရသည်။   
သတင်းစဉ်