ဟောင်ကောင်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို စိတ်ဝင်စား

 

နေပြည်တော် အောက်တိုဘာ ၂၀


“Brimming with opportunities” Prospects in Myanmar for HK Investors Webinar ကို ယနေ့မွန်းလွဲ ပိုင်းက Myanmar Hong Kong Chamber of Commerce and Indu-stry က စီစဉ်ကျင်းပသည်။
အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ကိုဗစ်-၁၉ ကြောင့် ယခုနှစ်ကျဆင်းနိုင် သော်လည်း ၂ ရာခိုင်နှုန်းနီးပါးသို့ ရောက်ရှိနိုင်ကြောင်း အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းထားပြီး ၂၀၂၁ ခုနှစ်တွင် ကိုဗစ် ကာလမတိုင်မီ ကာလတွင် ရရှိခဲ့သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၆ ရာခိုင်နှုန်း ပြန်လည်ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ မြန်မာနိုင်ငံ သည် ပထဝီအနေအထားအရ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့အကြား မဟာဗျူဟာ အချက်အချာ ကျစွာ တည်ရှိနေသည့်အတွက် ရင်းနှီး မြှုပ်နှံရန် အခွင့်အလမ်းကောင်းများစွာ ရှိပါကြောင်း၊ စွမ်းအင်ကဏ္ဍ၊ အိမ်ရာ အဆောက်အဦ တည်ဆောက်ဖွံ့ဖြိုးမှု ကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံနိုင် ပါကြောင်းနှင့် အဆိုပါလုပ်ငန်းကဏ္ဍ များတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာခြင်းဖြင့် ကဏ္ဍပေါင်းစုံတွင် အချိုးညီမျှတသည့် ဖွံ့ဖြိုးတိုးတက် မှုကို ရရှိစေမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ Memories Group ၏ CEO ဖြစ်သူ Mr. Cyrus Pun က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာ၌ လွယ်ကူ ချောမွေ့စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များကို မေးမြန်းရာ ပြည်ထောင်စု ဝန်ကြီးက ကုမ္ပဏီမှတ်ပုံတင်ခြင်း လုပ်ငန်းများကို Online ဖြင့် ဆောင် ရွက်နိုင်ရန်အတွက် MyCo စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက် ထားပြီး ဖြစ်ပါကြောင်း၊ ထို့အတူ အခွန် ငွေ ပေးဆောင်မှုကိုလည်း Online စနစ်ဖြင့် ဆောင်ရွက်နိုင်မည် ဖြစ်ပါ ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ‌ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနများ အကြား လုပ်ထုံးလုပ်နည်းများ တစ်ပြေးညီဖြစ်စေရေး စံလုပ်ထုံး လုပ်နည်း (Standard Operating Procedure-SOP) များကို ရေးဆွဲ လျက်ရှိရာ မကြာမီထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက ကိုဗစ်-၁၉ ကာလအတွင်း စိန်ခေါ်မှုများရှိခဲ့သော်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၅ ဒသမ ၆၈၉ ဘီလီယံ ရရှိ ခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ် ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၆၉ ဘီလီယံ တိုးမြှင့်ရရှိခဲ့ကြောင်း၊ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) နှင့် အညီ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာ သည့် စီးပွားရေးသက်ရောက်မှုများကို လျှော့ချရန်အတွက် အကောင်အထည် ဖော် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလ တွင် မြန်မာနိုင်ငံ စီးပွားရေးလျင်မြန်စွာ ဦးမော့လာစေရေးအတွက် မြန်မာ နိုင်ငံ၏ စီးပွားရေးပြန်လည်ထူထောင် ရေးနှင့် ပြုပြင်ပြောင်းလဲရေး စီမံချက် (MERRP) ကို မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) နှင့်ချိတ်ဆက်၍ ရေးဆွဲလျက်ရှိ ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေကြသည့် ဟောင်ကောင် စီးပွားရေးလုပ်ငန်းရှင် များ၏ မေးမြန်းဆွေးနွေးမှုများကို ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း ဖြေကြားသည်။
ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းနှင့် တာဝန်ရှိသူများ၊ ပြည်တွင်း/ ပြည်ပမှ စီးပွားရေးကိုယ်စားလှယ်များ၊ မီဒီယာ များ စုစုပေါင်းလူဦးရေ ၂၅၀ ကျော် တက်ရောက်ကြသည်။
သတင်းစဉ်