ဟောင်ကောင်ဆွေးနွေးပွဲသို့ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ရန် ဖိတ်ခေါ်

 

နေပြည်တော်   ဇွန်  ၂၄


ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အစိုးရအဖွဲ့အစည်းဖြစ်သည့် Invest HK ၏စီစဉ်မှုဖြင့် Startmeup HK Festival ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ  ကျင်းပမည်ဖြစ်ပြီး   FinTech Week 2022 ကိုလည်း ဟောင်ကောင်ဒေသ၌ ၂၀၂၂ ခုနှစ် အောက်တိုဘာ လကုန်နှင့်  နိုဝင်ဘာလဆန်းတွင်  ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 


အဆိုပါဆွေးနွေးပွဲများကို   Hybrid  ပုံစံဖြင့်  ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ    စီးပွားရေးလုပ်ငန်းရှင်များ   ပါဝင်တက်ရောက်နိုင်ကာ စိတ်ပါဝင်စားသည့်  ကုမ္ပဏီများအနေဖြင့်  အွန်လိုင်းမှတစ်ဆင့် မှတ်ပုံ တင်စာရင်းပေးသွင်း၍ တက်ရောက်နိုင်မည်ဖြစ်သည်။ Startmeup HK Festival နှင့်  စပ်လျဉ်းသည့်   အသေးစိတ်အချက်အလက်များ ကို http://www.startmeup.hk/startmeuphk-festival- 2022/ တွင် လေ့လာနိုင်သည်။ Hong Kong FinTech Week 2022 အတွက် http://www.fintechweek.hk/pre-register-2022 တွင် ကြိုတင်မှတ်ပုံတင် စာရင်း ပေးသွင်းရမည်ဖြစ်သည်။                                        

သီရိ