ဂျူးဇီကြိုးပြင်ကာကွယ်တော သတ်မှတ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး    ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ  ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသောလုပ်ပိုင် ခွင့်များကိုကျင့်သုံးလျက် ကချင်ပြည်နယ် ပူတာအိုခရိုင်  ပူတာအိုမြို့နယ်အတွင်း ကျရောက်နေသည့်   ဧရိယာအကျယ် အဝန်း  ၂၀၀၀ ဧကရှိသော နယ်မြေကို “ဂျူးဇီ  ကြိုးပြင်ကာကွယ်တော”   အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၁၂၅/၂၀၂၃)အရ ၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၆)ရက်  (၂၀၂၃ ခုနှစ်၊   အောက်တိုဘာ လ  ၂၀  ရက်)  မှစ၍   သတ်မှတ်ကြောင်း ကြေညာလိုက်သည်။


သယံဇာတနှင့်    သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး     ဝန်ကြီးဌာနသည် မြစ်၊ ချောင်း၊ အင်း၊ အိုင် စသည့်ရေအရင်း အမြစ်နှင့်     ရေဝေရေလဲဒေသများ ထိန်းသိမ်းရန်၊   ဂေဟစနစ်တည်ငြိမ်မှု ရှိစေရန်၊ ဒေသခံပြည်သူများ၏ အခြေခံ လိုအပ်ချက်ဖြစ်သော  သစ်၊ ထင်း၊  ဝါး စသည့်သစ်တောထွက်ပစ္စည်းများ    ဖြည့် ဆည်းပေးနိုင်ရန်၊           ဇီဝမျိုးစုံမျိုးကွဲ များ   ထိန်းသိမ်းနိုင်ရန်နှင့်    ရာသီဥတု သာယာမျှတစေပြီး စိုက်ပျိုးရေးလုပ်ငန်း များကို      အထောက်အကူပြုစေရန် ရည်ရွယ်၍ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ် တောများကို    ဖွဲ့စည်းသတ်မှတ်ခြင်း ဖြစ်ပါသည်။


ဂျူးဇီကြိုးပြင်     ကာကွယ်တော သတ်မှတ်ခြင်းအားဖြင့် အဆိုပါဧရိယာ အတွင်း     ပေါက်ရောက်လျက်ရှိသော ထောက်ကြံ့၊ ယမနေ၊ ကညင်ဖြူ စသည့် အဖိုးတန်သစ်မျိုးများနှင့် သတီ၊ ကြေးလံ၊ စကားဝါ၊  စကားစိမ်း၊   လောက်ယား၊ သစ်အယ် စသည့်သစ်မျိုးများကို ထိန်း သိမ်းနိုင်မည်ဖြစ်ခြင်း၊ မျိုးသုဉ်းပျောက် ကွယ်နိုင်သည့်     အပင်မျိုးစိတ်များနှင့်တောရိုင်းတိရစ္ဆာန်များအား   ကာကွယ် နိုင်ခြင်း၊ နေထိုင်ကျက်စားလျက်ရှိသော တောင်ဆိတ်၊  ဝက်ဝံ၊  ဖြူ၊   မျောက်လွှဲ ကျော်(မျက်ခုံးဖြူ)၊   ချေ၊  ဆတ်၊  ပြောင်၊ သင်းခွေချပ်၊ တောဝက်၊ ရှူးပျံ  စသည့် တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသ များ တိုးပွားလာနိုင်ခြင်း၊ နန်တဟူချောင်း အတွင်းစီးဝင်သည့်  ချောင်းလက်တက် များ၏    ရေဝေရေလဲဧရိယာများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်းနှင့် သစ်တော သယံဇာတများကို       စနစ်တကျစီမံ အုပ်ချုပ်နိုင်မည်ဖြစ်ခြင်း      စသည့်   အကျိုးကျေးဇူးများ     ရရှိနိုင်မည်ဖြစ်ပါ သည်။


သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန