ယခင်က ပြည်တွင်းမှာ ဈေးကွက်အခိုင်အမာရှိခဲ့ပြီး နောက်ပိုင်းမှာ ဂူဂဲလ်ဝန်ဆောင်မှုတွေကို အသုံးမပြုနိုင်ခဲ့လို့ လူကြိုက်နည်းသွားခဲ့ရတဲ့ Honor ဖုန်းအမှတ်တံဆိပ်ဟာ အခုအခါမှာတော့ ပြည်တွင်းဈေးကွက် ထဲကို ဂူဂဲလ်ဝန်ဆောင်မှုရတဲ့ ဖုန်းမော်ဒယ်သုံးမျိုးဖြစ်တဲ့ Honor X7, X8 နဲ့ X9 တို့နဲ့အတူ ပြန်ဝင်လာတော့မှာဖြစ်ပါတယ်။ ဖုန်းမော်ဒယ်သုံးမျိုး အနက် X7 ကို ဒီနေ့ ဇွန် ၂၈ ရက်မှာ Honor Myanmar က တရားဝင် စတင်ရောင်းချနေပြီဖြစ်လို့ Honor X7 ဖုန်းရဲ့ အချက်အလက်တွေကို ဖော်ပြလိုက်ပါတယ်။ X8 နဲ့ X9 တို့ကိုတော့ မကြာမီ ဆက်လက်ရောင်းချ မယ်လို့ သိရပါတယ်။
ဂူဂဲလ်ဝန်ဆောင်မှုတွေပြန်ပါပြီး စတင်ရောင်းချတဲ့ ပထမဆုံး Honor ဖုန်းဖြစ်တာကြောင့် ဈေးကွက်ထဲမှာ 7X ကို စိတ်ဝင်စားမှုများနေသလို အချို့ကတော့ နောက်ထပ်ဝင်လာမယ့် 8X နဲ့ 9X တို့နဲ့ စွမ်းဆောင်ရည်နဲ့ ဈေးနှုန်းပိုင်းယှဉ်ပြီး စောင့်ဆိုင်းနေကြတာလည်းရှိပါတယ်။ Honor 7X ဖုန်းရဲ့ ဈေးနှုန်းက ကျပ် ၃၃၉၀၀၀ ဖြစ်ပါတယ်။
ကျော်ဇင်ဦး



