J ဗိုလ်ချုပ်အောင်ဆန်း
ပြည်ချစ်ပန်းနှင့်
လွတ်လမ်းကိုဖောက်
ပြည့်သွေးသောက်တို့
အမှောက်ရန်စွယ်
ရှင်းလင်းဖယ်၍
ယှက်နွှယ်တိုင်းသား
ပြည်ထွန်းကားဖို့
ကြိုးစားဆောင်ရွက်
မျိုးဂုဏ်ထက်မို့
တက်နေပမာ
ရောင်ခြည်ဖြာသည်
မြန်မာပြည်တည်း။
J သမိုင်းတစ်ခွင်
မော်ကွန်းတင်၍
ဆင်ယင်အောင်ပွဲ
ပျော်ရွှင်နွှဲရန်
လက်တွဲညီညာ
စည်းဝေးရှာသည်
မှန်စွာမမေ့
ထိုရက်နေ့မှာ
ဆွေ့ဆွေ့နှလုံး
ကွဲကြေသုဉ်းကြ
ပြည်လုံးဘဝင်ညှိုး
ဇူလိုင်ဆယ့်ကိုး။
J ယုတ်မာထိုးနှောက်
ကျွန်သပေါက်ကြောင့်
ကိုးယောက်ဇာနည်
ကျဆုံးသည်မို့
မျက်ရည်သွန်းခ
ငိုကြွေးကြနှင့်
မိုးမှတစ်ဖန်
ဝမ်းနည်းဟန်ဖြင့်
သည်းထန်မိုးစက်
ဖျန်းကာပက်သည်
ရင်ထက်လှိုက်ဆူ
မြန်ပြည်သူမှာ
အပူလွမ်းတွေ
ဆင့်ပွားဝေ၏။
J ပေးအပ်အသက်
သွေးနှင့်ဆက်၍
ပြည့်တွက်ဝန်တာ
ကျေပွန်ရှာသည့်
ပြည်သာကောင်းကျိုး
မြတ်တန်ဖိုးကြောင့်
လွန်တိုးချစ်ခင်
ကျေးဇူးရှင်တို့
စိတ်တွင်မှန်းဆ
ဂါရဝဖြင့်
လှူမျှပေးဝေ
ရပါစေသား။
J အဖအောင်ဆန်း
ပြည်ချစ်ပန်းတို့
လျှောက်လှမ်းခဲ့ကြ
ထိုလမ်းစကို
မှတ်ကြမသွေ
တုယူလေလျက်
တို့တွေသမိုင်း
စဉ်မရိုင်းအောင်
ကြံတိုင်းအသစ်
အမျိုးချစ်၍
စင်စစ်မြန်မာ
ဤကမ္ဘာဝယ်
မှန်စွာတင့်တယ်
ဂုဏ်ဝင့်ထည်အောင်
မောင်မယ်ဟူမျှ
ကြိုးစားကြစို့။ ။
နုခန့်ယဉ်(ရစ်ကန်ကြီး)



