
အေသင် ဩဂုတ် ၂၄
စက်တင်ဘာလအစောပိုင်းမှစတင်ကာ ဂရိနိုင်ငံတွင် ထိခိုက်လွယ်သည့် ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ထိုးပေးမည်ဟု အာဏာပိုင်များ က ဩဂုတ် ၂၃ ရက်တွင် ပြောသည်။
ကိုယ်အင်္ဂါအစိတ်အပိုင်း လဲလှယ်ထားသူများ၊ ကင်ဆာရောဂါသည်များကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအကြိမ်ထိုးပေးမည်ဟု သိရသည်။
ကာကွယ်ဆေးအပြည့်ထိုးပြီးနောက် အချိန်ကြာ လာသည့်အခါ ကာကွယ်ဆေး၏ အကျိုးသက်ရောက် မှုများမှာ လျော့ကျလာသည့်အတွက် နောက်တစ် ကြိမ် ထပ်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ထိခိုက်လွယ်သည့်ပြည်သူများကို ကိုဗစ်-၁၉ မှ အကာအကွယ်ပေးနိုင်မည်ဟု အမျိုးသားကာကွယ် ဆေး ကော်မတီဥက္ကဋ္ဌ မာရီယာ သီအိုဒိုရီဒိုက ပြော သည်။
ဂရိနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့် ထိုးပြီးသူ ၅ ဒသမ ၆ သန်းကျော်ရှိပြီး ယင်းအရေ အတွက်မှာ နိုင်ငံလူဦးရေ၏ ၅၃ ဒသမ ၅ ရာခိုင်နှုန်း ရှိသည်။ ဂရိနိုင်ငံ၌ ဩဂုတ် ၂၃ ရက်တွင် ကိုဗစ်- ၁၉ ကူးစက်ခံရသူ ၂၆၂၈ ဦးရှိပြီး သေဆုံးသူ ၃၄ ဦး ရှိသည်ဟု အမျိုးသားကျန်းမာရေးအဖွဲ့အစည်းက ပြောသည်။
နိုင်ငံတစ်ဝန်းရှိ ဆေးရုံများတွင် အသက်ရှူ အထောက်အကူပြုကိရိယာ တပ်ဆင်ထားရသည့် လူနာ အရေအတွက်မှာ ၃၁၉ ဦးရှိသည်။
လွန်ခဲ့သည့် နှစ်ပတ်အတွင်း အထူးကြပ်မတ် ကုသဆောင်အတွင်း ကုသမှုခံယူနေသူ ၃၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။
ဆင်ဟွာ