ဂျပန်နိုင်ငံတွင် လူဦးရေ၏ ၁၇ ရာခိုင်နှုန်းကျော်ကို ကိုဗစ် -၁၉ ကာကွယ်ဆေး ပထမအကျော့ ထိုးပေးပြီးဖြစ်

တိုကျို ဇွန် ၂၂

 

ဂျပန်အစိုးရ၏ထုတ်ပြန်ချက်အရ ဂျပန်လူဦးရေ၏ ၁၇ ဒသမ ၆၄ ရာခိုင်နှုန်းကို ကိုဗစ် -၁၉ ကာကွယ်ဆေး တစ်ကြိမ်ထိုးပေးပြီးဖြစ်သည်ဟု သိရသည်။ ဇွန် ၂၁ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးစာရင်းအချက် အလက်များအရ လူပေါင်း ၂၂၄၃၇၅၁၂ ဦးမှာ ကိုဗစ် -၁၉ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်သည်။ ဒုတိယအကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပြီးသည့် လူအရေအတွက်မှာ ၉၁၅၄၅၁၈ ဦးရှိပြီး နိုင်ငံခြားသားနေထိုင်သူများအပါအဝင် တိုင်းပြည်လူဦးရေ၏ ၇ ဒသမ ၂ ရာခိုင်နှုန်းကို ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးပေးပြီးဖြစ်သည်။ အဆိုပါ လူဦးရေထဲတွင် ကလေးသူငယ်များလည်း ပါဝင်သည်။ ယခုရရှိထားသည့် အချက်အလက်များသည် ဒေသခံအစိုးရများ၏ အချက်အလက်များ ဖြစ်ကြသည်။ အလုပ်နေရာများနှင့် အခြားနေရာ များတွင် ကာကွယ်ဆေးထိုးသည့် အရေအတွက်လည်းရှိသဖြင့် ကာကွယ်ဆေးထိုးပြီးသည့်အရေအတွက်မှာ ယခုထက် ပို၍များပြားနိုင် သည်ဟု သိရသည်။ ဆင်ဟွာ