ဂျပန်နိုင်ငံ၌ မူလတန်းနှင့် အလယ်တန်းစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်

တိုကျို    စက်တင်ဘာ    ၁ 


ဂျပန်နိုင်ငံ၌ မူလတန်းနှင့် အလယ်တန်းစာသင် ကျောင်းများကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး စည်းမျဉ်းများနှင့်အညီ ယနေ့ ပြန်လည်ဖွင့်လှစ် လျက်ရှိကြောင်း သိရသည်။ 


အီချီခရိုင်ရှိ ဟီဂါရှီ-ဆာကူရာ မူလတန်းကျောင်း ၌ နှာခေါင်းစည်းများ တပ်ဆင်ထားသော ကျောင်းသား ကျောင်းသူများက   တစ်ဦးနှင့်တစ်ဦး   ခပ်ခွာခွာ နေကာ စာသင်ကျောင်းဝင်ပေါက်ရှိ ဆရာ ဆရာမ များအား နှုတ်ဆက်ပြီး စာသင်ကျောင်းအတွင်းသို့  ဝင်ရောက်သွားကြသည်။ အဆိုပါခရိုင်သည် ဂျပန် အစိုးရအဖွဲ့က     အရေးပေါ်အခြေအနေကြေညာ ထားသည့်    ခရိုင်များအနက်   တစ်ခုအပါအဝင် ဖြစ်သည်။ 


အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာကြီး အာရိုင်  ဟီရိုနိုရီက    စာသင်နှစ်  ဒုတိယနှစ်ဝက်အတွက် ကျောင်းသို့  ပညာသင်ယူရန်  ရောက်ရှိလာသည့် ကျောင်းသား ကျောင်းသူများအား ၎င်း၏ရုံးခန်း အတွင်းမှနေ၍     အွန်လိုင်းမှတစ်ဆင့်    မိန့်ခွန်း ပြောကြားသည်။ ကျောင်းသား ကျောင်းသူ ၃၄၀ သည် ၎င်းတို့၏ စာသင်ခန်းများ၌ ကျောင်းအုပ်ကြီး ၏ မိန့်ခွန်းကို နားထောင်ကြသည်။ 


ဂျပန်နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကူးစက် မှုများ မြင့်တက်လျက်ရှိသည့်အတွက် ကျောင်းသား ကျောင်းသူများက        ဗိုင်းရပ်စ်ကူးစက်မည်ကို စိုးရိမ်ပူပန်လျက်ရှိသည်ကို      သိရှိပါကြောင်းနှင့် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ ပူးပေါင်းပြီး   ဗိုင်းရပ်စ်ကူးစက်မှုကို    အတူတကွ တိုက်ဖျက်သွားမည်ဖြစ်ကြောင်း  ကျောင်းအုပ်ကြီး အာရိုင် ဟီရိုနိုရီက ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။ 


ကျောင်းသား ကျောင်းသူများက စာသင်ခန်း များအတွင်းရှိ   လေဝင်လေထွက်ကောင်းမွန်သည့် နေရာများတွင်   ထိုင်ကာ   ပညာသင်ယူကြပြီး စာသင်နှစ်  ပထမနှစ်ဝက်အတွင်း  ဆရာ ဆရာမ များပေးခဲ့သည့် လေ့ကျင့်ခန်းများနှင့်   ပရောဂျက် များကို ဆရာ ဆရာမများထံ အပ်နှံခဲ့ကြသည်။ 


အလယ်တန်းကျောင်းသူတစ်ဦးက   နွေရာသီ အားလပ်ရက်အတွင်း      ၎င်းမိသားစုအတွက် နံနက်စာချက်ပေးခဲ့ရပြီး          မိသားစုအတူတကွ စားသောက်ရသည့်အတွက်     အလွန်ပျော်ရွှင်မိပါ ကြောင်း ပြောသည်။ 


အလယ်တန်းကျောင်းသားတစ်ဦးက သူငယ်ချင်း များနှင့် ယခင်ကအတိုင်း နီးကပ်စွာနေထိုင်ချင် သော်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ် သည့်အနေဖြင့် ၎င်း၏သူငယ်ချင်းများနှင့် နီးကပ်စွာ  နေထိုင်မှုကို  ယခုအချိန်တွင်  ရှောင်ကြဉ်သွားမည် ဖြစ်ကြောင်း ပြောသည်။ 


ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်