
တိုကျို သြဂုတ် ၁၉
ဂျပန်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၅၀၀၀ ကျော် စံချိန်တင်တွေ့ရှိ ကြောင်း သိရသည်။
အဆိုပါ ရောဂါကူးစက်ခံရသူများအနက် မြို့တော်တိုကျို၌ ၅၅၃၄ ဦးတွေ့ရှိရခြင်းဖြစ်သည်။ တိုကျိုမြို့၌ နေ့စဉ်ကူးစက်မှုအရေအတွက် ၅၀၀၀ ကျော်တွေ့ရှိသည်မှာ နှစ်ရက်ဆက်တိုက်ရှိခဲ့ပြီဖြစ်သည်။ လွန်ခဲ့သော ရက်သတ္တပတ်အတွင်း တိုကျိုမြို့၌ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းမှာ ယင်းမတိုင်မီ သီတင်းပတ် ကထက် ၂၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။
သြဂုတ် ၁၇ ရက်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၃၉၁၈ ဦးတွေ့ရှိခဲ့ပြီး အဆိုပါအရေအတွက်သည် နေ့စဉ်ကူးစက်မှုစံချိန်တင်ခဲ့သည့် အရေအတွက် ၂၃၀၀၀ ကို ကျော်လွန်သွားခဲ့သည်။
ဂျပန်နိုင်ငံ၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၃၉၁၈ ဦး တွေ့ရှိခဲ့ပြီး ယခင်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု စံချိန်တင်ခဲ့သည့် ၂၃၀၀၀ ကို ကျော်လွန်သွားကြောင်း သိရသည်။
ဂျပန်နိုင်ငံ၌ ယမန်နေ့က ရောဂါပြင်းထန် သည့် ကိုဗစ်-၁၉ လူနာ ၁၇၁၁၆ ဦးရှိပြီး ရောဂါ ပြင်းထန်သည့် ကိုဗစ်-၁၉ ရောဂါလူနာအရေအတွက် ခြောက်ရက်ဆက်တိုက် မြင့်တက်လာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စမ်းသပ် စစ်ဆေးရန် နေရာများ မလုံလောက်သေးသည့် အတွက် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ်ဦးရေသည် အစိုးရကတရားဝင် ထုတ်ပြန်ထားသည့် ရောဂါကူးစက်ခံရသူဦးရေထက် ပင်လျှင် ပိုမိုများပြားနိုင်ကြောင်း ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ဂျပန်နိုင်ငံ၏ ထိပ်တန်း အကြံပေးပုဂ္ဂိုလ် ရှီဂျရူအိုမီက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - ဂျေတီ