
တိုကျို ဇန်နဝါရီ ၁၁
ဂျပန်နိုင်ငံသည် အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကြောက်စရာ ကောင်းလောက်အောင် ရင်ဆိုင် နေရချိန်တွင် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီးဒါးက နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ဆောင်ရွက် ချက်တွင် အသက် ၁၂ နှစ်အောက် ကလေးများကို မကြာမီထည့်သွင်း သွားတော့မည် ဖြစ်ကြောင်း ဇန်နဝါရီ ၁၁ ရက်က ပြောကြား ခဲ့သည်။
မကြာမီ ပြန်လည်ဖွင့်လှစ် မည့် ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့၏ ကာကွယ်ဆေးထိုး စင်တာများတွင် သက်ကြီးနိုင်ငံ သားများကို အပိုဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကမ်းလှမ်းမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
တခြားလူများသည် အပို ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ကို မတ်လတွင် ထိုးနှံနိုင်တော့ မည်ဖြစ်ပြီး ယခင် စီစဉ်ထားသည် ထက် ပိုမိုစောမည်ဖြစ် ကြောင်း ကီရှီးဒါးက ပြောကြားခဲ့ သည်။
အိုမီခရွန်ဗီဇကွဲ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားခြင်း အပါအဝင် နောက်ထပ် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားခြင်းကို အကောင်းဆုံး ရင်ဆိုင်ရန် အစိုးရသည် လတ်တ လောတွင် အားထုတ်ကြိုးပမ်းမှုအတော်များများ လုပ်ဆောင်လျက် ရှိသည်။ ထို့ပြင် ဌာနေနိုင်ငံခြား သား မဟုတ်သူများအတွက် ပြည်ဝင်ခွင့်ဗီဇာကို နောက်ထပ် ဖေဖော်ဝါရီလကုန်အထိ တိုးမြှင့် ထားကြောင်း ကီရှီးဒါးက ဇန်နဝါရီ ၁၁ ရက်တွင် ကြေညာ ခဲ့သည်။
ဇန်နဝါရီ ၈ ရက်နှင့် ၉ ရက် တွင် ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၈၀၀၀ ကျော် ခဲ့ပြီးနောက် ဇန်နဝါရီ ၁၀ ရက်က နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ၆၄၀၀ ရှိခဲ့သည်။
ဆင်ဟွာ