ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေးဆွေးနွေး

 

နေပြည်တော်  နိုဝင်ဘာ  ၁၄


ကျန်းမာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ဂျပန်နိုင်ငံ The Nippon Foundation အဖွဲ့ ဥက္ကဋ္ဌ Mr. Yohei Sasakawa နှင့် အဖွဲ့သည်  ယနေ့ညနေပိုင်းတွင်  ကျန်းမာရေးဝန်ကြီး ဌာန ဧည့်ခန်းမ၌ တွေ့ဆုံကြသည်။

 


တွေ့ဆုံစဉ် The Nippon Foundation မှ မြန်မာ နိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ လူသား ချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ် မည့်ကိစ္စ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနမှ လိုအပ်မည့် ဆေးနှင့်ဆေးပစ္စည်းများ၊    ဆေးရုံ၊   ဆေးခန်းများ ဆောက်လုပ်လှူဒါန်းနိုင်မည့်ကိစ္စ၊     ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များ လှူဒါန်းပေးအပ်နိုင်မည့်အခြေအနေများ၊ ဂျပန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန် ရန်   ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊    ဂျပန်နိုင်ငံ ၏ အကူအညီဖြင့်  ဆောင်ရွက်နေသည့်  ဆေးရုံ ဆောက်လုပ်ရေးနှင့်    အဆင့်မြှင့်တင်ရေးလုပ်ငန်း များ   ပြန်လည်ဆောင်ရွက်ပေးနိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 သတင်းစဉ်