
တိုကျို ဇန်နဝါရီ ၂၄
ဂျပန်နိုင်ငံတွင် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ မြင့်တက်လျက်ရှိရာ ခရိုင် ၄၇ ခုအနက် ခရိုင် ၃၀ ၌ လာမည့်ရက်များတွင် တစ်စိတ်တစ်ပိုင်း အရေးပေါ်ကြေညာချက် ချမှတ်သွားမည်ဖြစ်ကြောင်း အစိုးရအဆင့်မြင့်အရာရှိများက ဇန်နဝါရီ ၂၄ ရက်က ပြောသည်။
ကိုဗစ်-၁၉ အရေးပေါ်ဆောင်ရွက်ချက် ချမှတ်ရန် နောက်ဆုံးကျန်နေသည့် ခရိုင်များက တောင်းဆိုထား ခြင်းနှင့်ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီးဒါး က ဇန်နဝါရီ ၂၄ ရက် နှောင်းပိုင်းတွင် သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံပြီးနောက် ယခုလို ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
အိုမီခရွန်ဗိုင်းရပ်စ်၏ သဘာဝလက္ခဏာများ အပေါ်အခြေခံပြီး ကာကွယ်ခြင်း၊ ခြေရာခံခြင်းနှင့်အစောပိုင်းကုသနိုင်ခြင်းတို့အပါအဝင် ဟန်ချက်ညီသည့်ဆောင်ရွက်ချက်များကို ချမှတ်လုပ်ဆောင်သွား ရန် ကီရှီးဒါးက အောက်လွှတ်တော် ဘတ်ဂျက် ကော်မတီတွင် ဇန်နဝါရီ ၂၄ ရက်က ပြောကြားလိုက် သည်။
ဗိုင်းရပ်စ်ကျွမ်းကျင်အကြံပေးအဖွဲ့နှင့် ဆွေးနွေး တိုင်ပင်ပြီးနောက် နောက်ဆုံး ဆုံးဖြတ်ချက် ထွက်ပေါ် လာမည်ဖြစ်သည်။ တစ်စိတ်တစ်ပိုင်း အရေးပေါ် ကြေညာခြင်းအစီအစဉ်ကိုသာ ခွင့်ပြုမည်ဆိုပါက နောက်ထပ် ခရိုင်အတော်များများကို ပိုမိုတင်းကြပ် သည့် ကိုဗစ်-၁၉ ဆန့်ကျင်တားဆီးရေးဆောင်ရွက် ချက်များကို ချမှတ်ဖော်ဆောင်သွားနိုင်မည်ဖြစ် သည်။
ဂျပန်နိုင်ငံတစ်ဝန်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု သည် စနေနေ့က ၅၄၅၇၆ ဦးအထိ မြင့်တက်လာပြီး နောက် ယခုလို ဆောင်ရွက်ချက်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
အိုမီခရွန်ဗိုင်းရပ်စ်သည် နိုင်ငံစီးပွားရေးကို အတက်အကျများ ဖြစ်ပေါ်စေလျက်ရှိသည်။
ဆင်ဟွာ