
ဇန်နဝါရီ ၈ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်နှင့်အထက် ထိုးနှံပြီးသူ ၂၁ ဒသမ ၀၁ သန်းခန့်ရှိ
နေပြည်တော် ဇန်နဝါရီ ၉
ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံပြည်သူများသို့ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ၁၇ သန်း တန်ဖိုးရှိ Covaxin အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်သန်း doses အနက် ပထမအသုတ်တစ်သန်း doses သည် Qatar Airways flight (QR8920) လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့နံနက် ၄ နာရီ မိနစ် ၅၀ က အဆိုပါကာကွယ်ဆေးများ လွှဲပြောင်းပေးအပ် သည့် အခမ်းအနားကို ဇန်နဝါရီ ၉ ရက် နံနက် ၁၀ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အရေးကြီးပုဂ္ဂိုလ် ဧည့်ခန်းမဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် နိပွန်ဖောင်ဒေးရှင်း၏ အလုပ် အမှုဆောင်ဒါရိုက်တာ Mr. MORI Yuji က မြန်မာ နိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင် မြင့်ထံ နိပွန်ဖောင်ဒေးရှင်းမှ မြန်မာနိုင်ငံ ပြည်သူ များထံသို့ လှူဒါန်းထားသည့် Covaxin အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်သန်းကို လွဲပြောင်းပေးအပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံအမတ်ကြီး H.E. Mr. MARUYAMA Ichiro၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေမှုးချုပ် ဒေါက်တာထွန်းမင်းနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။
ယနေ့တွင် ရောက်ရှိလာသည့် Covaxin ကာကွယ်ဆေးတစ်သန်းကို ဗဟိုကာကွယ်ဆေး သိုလှောင်ခန်း (central cold room) တွင် အအေး လမ်းကြောင်းမပျက် သိုလှောင်ထားရှိမည်ဖြစ်သည်။ ကာကွယ်ဆေးလှူဒါန်းမှု၏ ဒုတိယသုတ် Covaxin ကာကွယ်ဆေး Doses တစ်သန်းသည် ဇန်နဝါရီ ၂၃ ရက်တွင် ထပ်မံရောက်ရှိမည်ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်ထောင်စု နယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည် အုပ်စုများသတ်မှတ်၍ ဦးစားပေးအစီအစဉ်အလိုက် ကျေးလက်ဒေသများအထိ အားသွန်ခွန်စိုက် ကျယ်ပြန့်စွာထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ဇန်နဝါရီ ၈ ရက် အထိ လူဦးရေ ၁၆ ဒသမ ၅၉ သန်းကို နှစ်ကြိမ် အပြည့်ထိုးနှံပေးခဲ့၍ ၄ ဒသမ ၄၂ သန်းကို တစ်ကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးတစ်ကြိမ်နှင့်အထက်ထိုးနှံပြီးသူ စုစုပေါင်း ၂၁ ဒသမ ၀၁ သန်းခန့် ရှိပြီဖြစ်သည်။ သို့ဖြစ်ပါ၍ စုစု ပေါင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ ၃၇ ဒသမ ၆၁သန်း doses ကို ထိုးနှံပြီးဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဝယ်ယူခြင်းမှ ၄၄ ဒသမ ၄ သန်း နှင့် လှူဒါန်းမှုမှ ၁၃ ဒသမ ၄၆ သန်းခန့် စုစု ပေါင်း ၅၇ ဒသမ ၈၆ သန်းခန့် ရရှိပြီးဖြစ်သည်။ ၂၀၂၂ ခုနှစ်အတွင်း ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမို ကောင်းမွန်စေရေး သတ်မှတ်ဦးတည်အုပ်စုများ အလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။
မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိ လာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက် မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှုရရှိထားသူများ အနေဖြင့် လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင်(သို့မဟုတ်) အနီးဆုံး သတ်မှတ် ကာလအတွင်းတွင် နီးစပ်ရာ ကာကွယ်ဆေးထိုးစုရပ် များသို့ သွားရောက်၍ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ် ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။
သတင်းစဉ်