ဂျပန်မင်းသမီး ကာကို နိုဝင်ဘာလတွင် ပီရူးနိုင်ငံသို့ သွားရောက်မည်

 

တိုကျို  စက်တင်ဘာ   ၂၉


ဂျပန်အိမ်ရှေ့မင်းသား အာကီရှီနို၏    ဒုတိယ မြောက်သမီးဖြစ်သူ    မင်းသမီး  ကာကိုသည် လာမည့်နိုဝင်ဘာလအတွင်း   ပီရူးနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ ပီရူးနိုင်ငံနှင့် ဂျပန် နိုင်ငံ  သံတမန်ဆက်ဆံရေး  နှစ် ၁၅၀ ပြည့်  အထိမ်းအမှတ်အဖြစ် ပီရူးသို့  သွားရောက် ခြင်းဖြစ်သည်။ 


နိုဝင်ဘာ  ၁  ရက်မှ  စတင်ကာ     တောင် အမေရိကနိုင်ငံဖြစ်သည့်   ပီရူးနိုင်ငံသို့  ၁၀ ရက်ကြာ  ချစ်ကြည်ရေးခရီးသွားရောက်မည် ဖြစ်သည်။  ယခုခရီးစဉ်သည်  ၎င်းအတွက် ဒုတိယအကြိမ်မြောက်  နိုင်ငံခြားခရီးစဉ်ဖြစ် သည်။ ဂျပန်နှင့်ပီရူးနိုင်ငံတို့သည် ကုန်သွယ် ရေးနှင့်  ပင်လယ်ရေကြောင်း   သွားလာရေး သဘောတူစာချုပ်ကို ၁၈၇၃ ခုနှစ်ကတည်းက ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ 


မင်းသမီး  ကာကိုသည်      ပီရူးသမ္မတ ဒီနာဘိုလူအာတီနှင့်လည်း မြို့တော်လီမာတွင် တွေ့ဆုံသွားမည်ဖြစ်သည်။ ထို့ပြင် သံတမန် ဆက်ဆံရေး   နှစ်ပေါင်း   ၁၅၀   ပြည့်သည့်  အခမ်းအနားကိုလည်း  တက်ရောက်သွားမည် ဖြစ်သည်။  


မင်းသမီး ကာကိုသည် ပီရူးရှိ ဂျပန်နွယ်ဖွား များနှင့် တွေ့ဆုံမည်ဖြစ်ကာ    အကြားအာရုံ ချို့ယွင်းချက်ရှိသည့်       ကလေးများအတွက် ဖွင့်လှစ်ထားသည့်ကျောင်းသို့လည်း သွားရောက် မည်ဖြစ်သည်။

 
ထို့နောက်   ယူနက်စကို   ကမ္ဘာ့အထိမ်း အမှတ်ဝင်ဖြစ်သည့်    ရှေးဟောင်းအင်ကာ မြို့သို့လည်း    သွားရောက်လည်ပတ်မည်ဟု သိရသည်။ 


အင်န်အိတ်ချ်ကေ