ဂျပန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်ရန်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေး

နေပြည်တော်    နိုဝင်ဘာ  ၁၄


ကျန်းမာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ဂျပန်နိုင်ငံ The Nippon Foundation အဖွဲ့ဥက္ကဋ္ဌ Mr. Yohei Sasakawa နှင့်  အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ကျန်းမာရေးဝန်ကြီး ဌာန ဧည့်ခန်းမ၌ တွေ့ဆုံကြသည်။ 


ဆွေးနွေး


တွေ့ဆုံစဉ်  The Nippon  Foundation  မှ မြန်မာနိုင်ငံသို့  ကိုဗစ်-၁၉  ရောဂါနှင့်ပတ်သက်၍ လူသားချင်း  စာနာထောက်ထားမှု  အကူအညီများ  ပေးအပ်မည့်ကိစ္စ၊ ကိုဗစ်-၁၉  ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဝန်ကြီးဌာနမှ လိုအပ်မည့်  ဆေးနှင့်ဆေးပစ္စည်းများ၊   ဆေးရုံ၊ ဆေးခန်းများ    ဆောက်လုပ်လှူဒါန်းနိုင်မည့်ကိစ္စ၊  ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လှူဒါန်းပေးအပ်နိုင်မည့် အခြေ အနေများ၊    ဂျပန်-မြန်မာ   နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်ရန်    ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက် နေသည့် ဆေးရုံဆောက်လုပ်ရေးနှင့်  အဆင့်မြှင့်တင် ရေးလုပ်ငန်းများ  ပြန်လည်ဆောင်ရွက်ပေးနိုင်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်
n