
ဂန့်ဂေါ ဇန်နဝါရီ ၅
ဂန့်ဂေါမြို့ စည်ပင်သာယာရေး အဖွဲ့ပိုင် မြို့မစျေးရှိ ပျံကျစျေးကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး အတွက် ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်က ဂန့်ဂေါလေယာဉ်ကွင်း ဟောင်းသို့ ယာယီပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ရာမှ မူလနေရာ မြို့မ စျေးသို့ ယမန်နေ့က ပြန်လည် ပြောင်းရွှေ့ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
“မနှစ်က မတ်လမှာ ကိုဗစ်- ၁၉ ကာကွယ်ရေးအတွက် ကျယ်ပြန့်တဲ့ နေရာဖြစ်တဲ့ လေယာဉ် ကွင်းဟောင်းနေရာမှာ ပျံကျစျေးကို ယာယီပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါတယ်။ မူလပျံကျစျေး နေရာမှာ ဆေးဖျန်းခြင်း၊ စျေးရုံ ဆောက်ခြင်း၊ စျေးခုံအသစ်တွေ ပြုလုပ်ခြင်း၊ မီးဘေးကာကွယ် ရေးလုပ်ငန်းတွေ အပါအဝင် လုပ်ငန်းလိုအပ်ချက်တွေ ဆောင် ရွက်ခဲ့ပါတယ်”ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယခုအခါ ဂန့်ဂေါမြို့နယ် သည် Stay at home ဒေသအဖြစ် မှ ကင်းလွတ်နေပြီဖြစ်သဖြင့် ပျံကျဈေးကို မူလနေရာသို့ ပြန်လည် ပြောင်းရွှေ့ဖွင့်လှစ် ခြင်းဖြစ်ကာ စနစ်တကျ နေရာချ ထားခြင်းများ ပြုလုပ်ပြီး ကိုဗစ်- ၁၉ ကာကွယ်ရေးနည်းလမ်းများ နှင့်အညီ ဖွင့်လှစ်ရောင်းချလျက် ရှိကြောင်း သိရသည်။
မောင်ဆွေကျော်