ဂန့်ဂေါမြို့နယ် ရွှေဘိုကျေးရွာနှင့် ရေသာကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး နေအိမ်များမီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူ နှစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု မဟုတ်မမှန်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများဖြင့် လှုံ့ဆော်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်  မေ  ၁၇ 
မကွေးတိုင်းဒေသကြီး   ဂန့်ဂေါ မြို့နယ်ရှိ     ရွှေဘိုကျေးရွာနှင့် ရေသာကျေးရွာတို့ကို  မေ  ၁၆ ရက်က        နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့်လုံခြုံရေး ပူးပေါင်း       တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ပြီး    ဘုန်းကြီး ကျောင်းတစ်ကျောင်းနှင့်  နေအိမ် များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူ နှစ်ဦးကို   သတ်ဖြတ်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်းတု၊  သတင်းအမှားများကို   တရားမဝင် ပြည်ဖျက်မီဒီယာများက   လူမှု ကွန်ရက်ပေါ်တွင် လှုံ့ဆော်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
တရားမဝင် ပြည်ဖျက်မီဒီယာ များသည်   ဖြစ်စဉ်ဖြစ်ရပ်များအပေါ် အခြေခံ      ရေးသားထားသည့် သတင်းတု၊    သတင်းအမှားများ ကြောင့် ပြည်သူများ ကြောက်ရွံ့ ထိတ်လန့်လာခြင်းနှင့်    အထင် အမြင်လွဲမှားမှုများ ဖြစ်ပေါ်လာပြီး နိုင်ငံတွင်း  တည်ငြိမ်အေးချမ်းမှု မရှိစေရန်      ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်ရေးသားပြီး      ဝါဒဖြန့်ဝေ လျက်ရှိသည်။    ယခုဖြစ်စဉ်တွင် လည်း    ဂန့်ဂေါမြို့နယ်အတွင်း နယ်မြေလုံခြုံရေး  ဆောင်ရွက် လျက်ရှိသည့် လုံခြုံရေးပူးပေါင်း တပ်ဖွဲ့ဝင်များကို ရွှေဘိုကျေးရွာ နှင့်   ရေသာကျေးရွာအတွင်းမှ အကြမ်းဖက်သမားများက  လက် လုပ်လက်နက်ကြီးများ၊ လက်လုပ် သေနတ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ထို့နောက် အကြမ်းဖက်သမား များသည်   ထိခိုက်သေဆုံးမှုများစွာ ဖြင့်    ကျေးရွာအတွင်းမှ   ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည့်  အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက  လိုအပ် သည့် နယ်မြေလုံခြုံရေးဆောင် ရွက်ခြင်းများ  ဆက်လက်ဆောင် ရွက်ခဲ့ရသည်။      တရားမဝင် ပြည်ဖျက်      မီဒီယာများတွင် ရေးသား   ဖော်ပြထားသကဲ့သို့    နေအိမ်များ  မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူ   နှစ်ဦးကို   သတ်ဖြတ်ခဲ့ သည်မှာ   လုပ်ကြံရေးသားထား သည့်   သတင်းတု၊    သတင်းအမှား များသာဖြစ်ကြောင်း   လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရသည်။
သတင်းစဉ်