
ဂန့်ဂေါ အောက်တိုဘာ ၂၁
ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက် ဘုရားကြီးမြောက်ကျောင်းတိုက် ပရိဝုဏ်ရှိ ဒေဝမုနိရန်အောင်မြင် စေတီတော် ထီးတော်နှင့်စိန်ဖူးတော်တင်လှူပူဇော်ပွဲကို အောက်တိုဘာ ၂၀ ရက် နံနက်က ကျင်းပရာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဘုရားကြီးမြောက်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဝေပုလ္လ အမှူးပြုသည့် သံဃာတော်များ ကြွရောက်ကာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့် ဖိတ်ကြားထားသူများက ထီးတော်နှင့် စိန်ဖူးတော်များကို တင်လှူပူဇော်ကြသည်။
ထို့နောက် ညနေ ၆ နာရီတွင် အဆိုပါစေတီတော်၌ ဆီမီးပူဇော်ပွဲကျင်းပရာ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ စေတနာရှင်များတက်ရောက်၍ ဆီမီးတစ်ထောင်ဖြင့် ပူဇော်ကြသည်။ အဆိုပါစေတီ ရှိ ထီးတော်နှင့် စိန်ဖူးတော်မှာ ဧပြီ ၃၀ ရက် ညနေ ၄ နာရီက လေပြင်းတိုက်ခတ်သဖြင့် မြေခခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မောင်ဆွေကျော်