
ဂွ မတ် ၂၃
ရခိုင်ပြည်နယ် ဂွမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက် နေပြည်သူများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် ရည်ရွယ် ၍ ကျေးရွာ ၁၇ ရွာတွင် မြစိမ်းရောင် ရန်ပုံငွေကို မြို့နယ်မြစိမ်းရောင် လုပ်ငန်းအဖွဲ့ရှေ့၌ မတ် ၂၂ ရက် က ထုတ်ချေးခဲ့သည်။
မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာ မြစိမ်းရောင်စီမံကိန်း အနေဖြင့် စေတီကွင်း၊ ဆားချက်+ ပြင်ကွင်း၊ ကိုင်းတောကွင်း+ ဂျိတ်တောင်၊ ပုန်းညှက်၊ ရှောက်ကုန်း၊ ဘိုကလေး(ချင်းကုန်း)၊ ဂျိုင်ကောက်၊ ကြွေချိုင်၊ တိုင်ကျိုး၊ ရွှေရချိုင်၊ ညောင်ချောင်း၊ ပိန္နဲကုန်း၊ ကိုင်းခုံ၊ ကွင်းကြီး(ကမ်းနား)ကျေးရွာများ အား (ပဉ္စမအကြိမ်)၊ ကံ့ကော်တောင် ကျေးရွာအား (နဝမ) အကြိမ်၊ ရွာသစ်ကုန်းကျေးရွာနှင့် ငရံ့ကျော်+ ဖိုးလှောင်ကွင်း ကျေးရွာများအား (တတိယအကြိမ်) မြောက်အဖြစ် ထုတ်ချေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကျေးရွာများရှိ စိုက်ပျိုးရေးလုပ်ကိုင် သူ ၄၀၁ ဦး၊ မွေးမြူရေးလုပ်ကိုင် သူ ၁၁၂၇ ဦး၊ ရေလုပ်ငန်းလုပ်ကိုင် သူ ၆၆ ဦး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူလေးဦး၊ အရောင်းအဝယ် လုပ်ကိုင်သူ ၄၆၆ ဦး၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၇၁ ဦးတို့ကို ငွေကျပ် ၆၇၉ ဒသမ ၇၄ သန်းကို ထုတ်ချေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်