
ဂါဇာ ဧပြီ ၁၂
ဂါဇာဒေသရှိ လူနေအဆောက်အအုံတစ်ခုကို ပစ်မှတ်ထား၍ ဧပြီ ၁၂ ရက်တွင် အစ္စရေးတို့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ၂၉ ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု ဒဗလျူအေအက်ဖ်အေသတင်းဌာန က ဖော်ပြထားသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း လူပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့ပြီး အသေးစိတ်အချက်အလက်များကိုမူ ဖော်ပြထားခြင်းမရှိချေ။ အစ္စရေးတပ်ဖွဲ့ကမူ ၎င်းတို့လေတပ်သည် ဧပြီ ၁၂ ရက်တွင် ဂါဇာ ကမ်းမြောင်ဒေသ ပစ်မှတ် ၆၀ နီးပါးကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဆင်ဟွာ