
အင်ကာရာ မေ ၃
ဂါဇာဒေသရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝမ်းနည်းဖွယ် အခြေအနေများကြောင့် အစ္စရေးနှင့် ကုန်သွယ် မှုအားလုံးကို ရပ်နားထားကြောင်း တူကီယဲ ကုန်သွယ်ရေး ဝန်ကြီးဌာနက ပြောသည်။
ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လုံလောက်စွာ ဝင်ရောက်ခွင့် မရသရွေ့ ယခုလို ကုန်သွယ်မှုအားလုံးကို ဆိုင်းငံ့ထားမည်ဖြစ် ကြောင်း မေ ၂ ရက်က ကြေညာခဲ့သည်။ အစ္စရေးနိုင်ငံမှ ပို့ကုန်သွင်းကုန်များကို တူကီယဲသမ္မတ ရီဆက်တေရစ် အာဒိုဂန်က ဆိပ်ကမ်းများအားလုံးတွင် ပိတ်ဆို့ထားကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရေးရယ်ခက်ဇ်က မေ ၂ ရက်တွင် လူမှုကွန်ရက်စာမျက်နှာပေါ်၌ ရေးသားထားသည်။
တူကီယဲနှင့် ကုန်သွယ်မှုအတွက် အခြားသော နည်းလမ်း ဖန်တီးရန်အတွက် အခြားသောနိုင်ငံများမှ တင်သွင်းခြင်း နှင့် ပြည်တွင်း၌ပင် ထုတ်လုပ်ခြင်းတို့ကို အလေးထားရန် နိုင်ငံခြားရေး အဆင့်မြင့်အရာရှိတစ်ဦးကို ညွှန်ကြားထား ကြောင်း ၎င်းက ဆက်ပြောသည်။
၂၀၂၃ ခုနှစ်အတွင်း တူကီယဲမှတင်သွင်းသည့် ကုန်ပစ္စည်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံရှိသည်ဟု အစ္စရေးနိုင်ငံ ဗဟိုစာရင်းအင်းဌာန၏ အချက်အလက်များအရ သိရသည်။ ဧပြီလအတွင်းမှစတင်ကာ တူကီယဲအစိုးရသည် အစ္စရေးသို့တင်ပို့မည့် စတီးနှင့်ဘိလပ်မြေ အပါအဝင် ကုန်ပစ္စည်း အမျိုးအစား ၅၄ မျိုးအပေါ် ကန့်သတ်မှု စတင် ခဲ့သည်။
အင်န်အိတ်ချ်ကေ