
ဘားအံ မေ ၂၄
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ဇော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မေ ၂၃ ရက် မွန်းလွဲ ၁ နာရီ ခန့်က မဟာမဲခေါင်ဒေသ အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ ဂျိုင်း (ကော့ကရိတ်)တံတား တည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများ က ဂျိုင်း(ကော့ကရိတ်)တံတား တည်ဆောက်ရေး လုပ်ငန်းခွင် ရှင်းလင်းဆောင်၌ တံတား တည်ဆောက်ပြီးစီးမှုအခြေအနေများနှင့် စပ်လျဉ်း ၍ တံတားချဉ်းကပ်လမ်းနှင့် တံတားကိုယ်ထည် တည်ဆောက်ရေး တိုးတက်ပြီးစီးမှုအခြေအနေနှင့် တံတားတည်ဆောက်ရေးလုပ်ငန်းခွင် တစ်ခုလုံး အနေဖြင့် ၇၀ ဒသမ ၅ ရာခိုင်နှုန်းပြီးစီးမှုအခြေအနေ၊ ၂၀၂၃ ခုနှစ် မတ်လတွင် ဖွင့်လှစ်နိုင်ရေး လျာထား ဆောင်ရွက်နေသည့်အခြေအနေများကို ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များ မှာကြား၍ သတ်မှတ်စံချိန်စံနှုန်း များနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရ သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)