
နေပြည်တော် ဒီဇင်ဘာ ၂၀
GIS Advanced Course Training, Pilot Project in Social Data Collecting for Remote Sensing သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့် အညီ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ယခုသင်တန်းမတိုင်မီ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ရုံးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်းသား သင်တန်းသူ ၃၈၄ ဦးကို Online မှတစ်ဆင့် GIS Basic Training ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အဆိုပါသင်တန်းမှ ထူးချွန် သည့် သင်တန်းသား သင်တန်းသူ ၄၁ ဦးကို ယခု သင်တန်းသို့ ဆက်လက်တက်ရောက်စေခြင်းဖြစ် ကြောင်း။
အကျိုးကျေးဇူးများရရှိနိုင်မည်
အဆိုပါ သင်တန်းဖွင့်လှစ်ခြင်းဖြင့် ကျေးလက် လမ်းတံတားစီမံကိန်းများ ရေးဆွဲအကောင်အထည် ဖော်ရာတွင် Monitoring and Management ပြုလုပ် ပေးနိုင်ခြင်း၊ ကျေးလက်လမ်းတံတားများနှင့် သုတေသနလုပ်ငန်းကဏ္ဍများ၏ မှတ်တမ်းအချက် အလက်များကို Main Server ၌ ထိန်းသိမ်းပေးနိုင် ခြင်း၊ အနာဂတ်ကာလ စီမံချက်များအတွက် စုဆောင်းရရှိသည့် အချက်အလက်များ ထုတ်ပေးခြင်း နှင့် မြေပြင်၌ လက်ရှိဖြစ်ပေါ်နေသော အခြေအနေ များကို တိုက်ရိုက်စီမံကွပ်ကဲနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရ၏ e-Government Master Plan အရ GIS စနစ်မှသည် ဝန်ကြီးဌာနအဆင့် Enterprise GIS စနစ်အထိ လက်ယှက်ထိုး ချိတ်ဆက် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် GIS နည်းပညာကို ၂၀၁၂ ခုနှစ်တွင် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ Land Use Database and Analysis နှင့် Town Planning လုပ်ငန်းစဉ်များ အတွက် စတင်အသုံးပြုခဲ့ပြီး GIS Server ထူထောင် ကာ ဆက်လက်အသုံးပြုခဲ့ကြောင်း၊ လမ်းဦးစီးဌာနက လည်း Road Spatial Information Infrastructure (RSII) အမည်ဖြင့် GIS Server ကို ထူထောင်ကာ Road Access Management , Accident Analysis နှင့် Hazard Management လုပ်ငန်းများ၌ အသုံးပြု လျက်ရှိကြောင်း၊ တံတားဦးစီးဌာနအနေဖြင့် Bridge Information Management System နှင့် Bridge Progress Reporting System များကို စတင်အသုံးပြု လျက်ရှိကြောင်း၊ အဆောက်အဦဦးစီးဌာနက စတင် ဆောင်ရွက်နေသည့် Project Reporting and Data Management System ၌ အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများနှင့် ဆက်စပ်သည့် အချက်အလက်များအပြင် GIS မြေပြင်သတင်း အချက်အလက်များကိုပါ ထည့်သွင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနအနေဖြင့် GIS Data Collection စနစ်များ နှင့် GIS Server ထူထောင်အသုံးပြုလျက်ရှိသကဲ့သို့ Social Data Collection လုပ်ငန်းများနှင့် Remote Sensing စနစ်များ ပိုမိုတိုးတက်အောင်ဆောင်ရွက်ရန် ယခုကဲ့သို့သော Advanced Course သင်တန်းများကို ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ခေတ္တတာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဇော်က သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က GIS လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် Geo Trend Co., Ltd မှ GIS Advanced Course သင်တန်းဆောင်ရွက်ခဲ့မှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် ရုံးချုပ်တို့၌ GIS Enterprise စနစ် အောင်မြင်လာမှုနှင့် နည်းပညာ တိုးတက်မှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး အဖွဲ့အလိုက် “Road Selected by using Weighted Over Analysis for Socio- economic Sector / Physical Sector” ခေါင်းစဉ်ဖြင့် သရုပ်ပြရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သင်တန်းပို့ချနေမှု၊ GIS စနစ်ဖြင့် လက်တွေ့ ဆောင်ရွက်နေမှု အခြေအနေများနှင့် သရုပ်ပြမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ခေတ္တတာဝန်ခံညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနကြီးမှူးများ၊ သင်တန်းဆရာများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်မှ တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
သတင်းစဉ်