
ပေါင် ဩဂုတ် ၃၀
မွန်ပြည်နယ် ပေါင်မြို့နယ် GEC (ပညာရေး) နှင့် အမှတ်(၂) ပညာရေး ငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နှင့် ၂၀၂၁-၂၀၂၂ Mini Budjet တို့အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်း အဝေးကို အ.ထ.က(ပေါင်)ရွှေရတု ခန်းမ၌ ပြုလုပ်သည်။
အဆိုပါအစည်းအဝေးတွင် အသင်း မှ အသင်းသားများကို စုဆောင်းငွေ ပေါ် အတိုးငွေကျပ် ၄၃၅ သိန်းကျော်နှင့် အစုပေါ်အမြတ်ငွေ ကျပ် ၄၁ သိန်းကျော် တို့ကို ထုတ်ပေးခဲ့ပြီး စုဆောင်းငွေ အများဆုံးစုဆောင်းနိုင်သူ သုံးဦး ကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်