ဂျာမနီအသင်း  မြောက်မက်ဆီဒိုးနီးယားကို ဂိုးပြတ်အနိုင်ယူပြီး  ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ပထမဆုံးခြေစစ်ပွဲအောင်မြင်သည့်  အသင်းဖြစ်လာခဲ့

 

 

ကမ္ဘာ့ဖလား      ခြေစစ်ပွဲအဖြစ် မြောက်မက်ဆီ    ဒိုးနီးယားနှင့် နာမည်ကြီး           ဂျာမနီအသင်းတို့ ပွဲစဉ်ကို  အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဂျာမနီအသင်းက  လေးဂိုး-ဂိုးမရှိ ဖြင့် အနိုင်ယူပြီး  ကာတာနိုင်ငံတွင် ကျင်းပမည့်  ၂၀၂၂  ကမ္ဘာ့ဖလား ပြိုင်ပွဲသို့                  ပထမဆုံးဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသည့်    အသင်း ဖြစ်လာခဲ့သည်။ 
ဂျာမနီအသင်းသည်   ကမ္ဘာ့ ဖလားခြေစစ်ပွဲ   အုပ်စု (၂) တွင် ရိုမေးနီးယား၊   အာမေနီးယား၊ မြောက်မက်ဆီဒိုးနီးယား၊ အိုက် စလန်၊    လက်ချင်စတိန်းအသင်း တို့နှင့်အတူ ကျရောက်ပြီး  ရှစ်ပွဲ ကစား ခုနစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ် ၂၁ မှတ်ဖြင့်   ခြေစစ်ပွဲအောင်မြင် ခဲ့ခြင်းဖြစ်သည်။  ယနေ့ပွဲစဉ်တွင် ဂျာမနီအသင်းသည်   အားထားရ သည့် ဝါနာ၊  မူလာ၊  ဟာဗက်ဇ်၊ ဂနာဘရီအပါအဝင်  ကစားသမား အစုံအလင်ဖြင့်   မြောက်မက်ဆီ ဒိုးနီးယားအသင်းကို  ရင်ဆိုင်လာ ခဲ့သည်။ မြောက်မက်ဆီဒိုးနီးယား အသင်းကလည်း  ဂျဟိုဗစ်၊  အဲလ် မက်စ်၊       ချူလင်နော့ဗ်စသည့် အဓိက ကစားသမားအစုံအလင် ဖြင့်ဂျာမနီအသင်းကို ရင်ဆိုင်လာခဲ့သည်။ 
ယနေ့ပွဲစဉ်တွင် ဝါနာ၊ မူလာတို့ ဦးဆောင်ပွဲထွက် လာသည့်   ဂျာမနီအသင်းသည်   မြောက်မက်ဆီ ဒိုးနီးယားအသင်းအပေါ် ခြေအသာ၊ ဂိုးအသာဖြင့် ထိန်းချုပ်ကစားနိုင်ခဲ့သည်။ ပြိုင်ဘက် မြောက်မက် ဆီဒိုးနီးယားအသင်းက    ဂျာမနီအသင်းဘက်သို့  ထိုးဖောက်တိုက်စစ်ဆင်မှု အနည်းငယ်သာ  ပြုလုပ် နိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့် ခုနစ်ကြိမ်တွင် ဂိုးပေါက် တည့်မတ်မှု   တစ်ကြိမ်သာရှိခဲ့သည်အထိ   ခြေစွမ်း ကျဆင်းခဲ့သည်။ သို့သော်လည်း ဂျာမနီအသင်းသည်  ပထမ ပိုင်းတွင်   မြောက်မက်ဆီဒိုးနီးယားအသင်းဘက်သို့ ဖိအားပေး ကစားနိုင်ခဲ့သော်လည်း  ဂိုးသွင်းယူနိုင် ခဲ့ခြင်း မရှိသောကြောင့် ဂိုးမရှိသရေဖြင့် အဆုံးသတ် ခဲ့သည်။ 
ဂျာမနီအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် မိနစ် ၅၀ တွင် မူလာ၏ ဖန်တီးမှုမှ ဟာဗက်ဇ်က သွင်းယူ ပေးခဲ့သည်။   ဂျာမနီအသင်းအတွက်  ဒုတိယဂိုးနှင့် တတိယဂိုးကို   ပွဲချိန်   မိနစ်  ၇၀ နှင့်   ၇၃ မိနစ် တို့တွင် ဝါနာက သွင်းယူပေးခဲ့သည်။ မြောက်မက် ဆီဒိုးနီးယားအသင်းသည်   သွင်းဂိုးသုံးဂိုးအထိ ခွင့်ပြုပေးလိုက်ရသော်လည်း   ကစားအားတက် လာခြင်း မရှိဘဲ ဂျာမနီအသင်း၏  ထိန်းချုပ်မှုကိုသာ  ခံခဲ့ရသည်။     ဂျာမနီအသင်းအတွက်     စတုတ္ထဂိုး ကို   မိနစ် ၈၀ တွင်   မူဆီအေလာက  သွင်းယူပေးနိုင် ခဲ့သည်။ 
ယနေ့ပွဲစဉ်တွင်   ပြိုင်ဘက်  ဂျာမနီအသင်းကို ရှုံးနိမ့်ခဲ့သော မြောက်မက်ဆီဒိုးနီးယားအသင်းသည် ရှစ်ပွဲကစားပြီးနောက် သုံးပွဲနိုင်၊ သုံးပွဲသရေ၊ နှစ်ပွဲရှုံး ဖြင့်    ၁၂  မှတ်ရရှိကာ    အုပ်စုတတိယနေရာတွင် ရပ်တည်နေသည်။   သို့သော်လည်း   မြောက်မက် ဆီဒိုးနီးယားအသင်းသည်   အုပ်စုဒုတိယနေရာမှ ရိုမေးနီးယားအသင်းနှင့် ရမှတ်ကွာဟမှု တစ်မှတ်သာ ရှိသည့်အတွက် လက်ကျန်ပွဲစဉ်များကို အနိုင်ရရှိခဲ့ ပါက  ခြေစစ်ပွဲအောင်မြင်ရန်   မျှော်လင့်ချက်ရှိနေ သေးသည်။ 
အခြားသော    နာမည်ကြီးပွဲစဉ်ရလဒ်များတွင် ဝေးလ်က   အက်စတိုးနီးယားကို   တစ်ဂိုး-ဂိုးမရှိ၊ တူရကီက လတ်ဗီးယားကို နှစ်ဂိုး-တစ်ဂိုး၊ နယ်သာ လန်က ဂျီဘရောလ်တာကို ခြောက်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး  ခရိုအေးရှားနှင့်  ဆလိုဗက်ကီးယား အသင်းတို့ပွဲစဉ်တွင်  တစ်ဖက်နှစ်ဂိုးစီ   သရေကျ ခဲ့သည်။    
အောင်ဇော်