ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထား ယခုလကုန်တွင် ဂျာကာတာဆိပ်ကမ်းသို့ရောက်ရှိမည်

 

ဂျကာတာ   ဩဂုတ်   ၂၅


ဩဂုတ်လ   ၂၁   ရက်က   တရုတ်နိုင်ငံမှ တင်ပို့သည့်       အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထား၏ ပထမဆုံးအသုတ် မြန်နှုန်းမြင့် Multiple Unit နှင့် ဘက်စုံစစ်ဆေးရေး ယာဉ် (Comprehensive Inspection Train)  ကို   ချင်းတောင်ဆိပ်ကမ်း၌ သင်္ဘောတင်ဆောင်ခဲ့ပြီး ဩဂုတ်လကုန် တွင်  အင်ဒိုနီးရှားနိုင်ငံ   ဂျာကာတာ ဆိပ်ကမ်းသို့ ရောက်ရှိမည်ဟု   ခန့်မှန်း ထားသည်။

 


ယင်းသည် တရုတ်နိုင်ငံ၏ မြန်နှုန်း မြင့်ရထား ပထမဆုံးအကြိမ် ပြည်ပသို့ တင်ပို့ခြင်းဖြစ်သည်။        ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားသည် “The Belt and Road” တည်ဆောက်ရေးနှင့် တရုတ်၊ အင်ဒိုနီးရှား နှစ်နိုင်ငံအကြား လက်တွေ့ပူးပေါင်း   ဆောင်ရွက်မှုကို ကိုယ်စားပြုနိုင်သော စီမံကိန်းဖြစ်ပြီး တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့်ရထားစနစ်တစ်ခုလုံး၊ အဓိကအစိတ်အပိုင်း တစ်ခု လုံး၊ စက်မှုလုပ်ငန်းကွင်းဆက်တစ်ခုလုံးကို ပထမဆုံးအကြိမ် ပြည်ပ၌   တည် ဆောက်သည့်    စီမံကိန်းဖြစ်ကြောင်း တရုတ်နိုင်ငံက ဆိုထားသည်။

 


ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားသည် စုစုပေါင်းအရှည် ၁၄၂ ကီလို မီတာရှိပြီး အမြင့်ဆုံး သတ်မှတ်အမြန်နှုန်း မှာ တစ်နာရီလျှင်   ၃၅၀  ကီလိုမီတာ ဖြစ်သည်။   လမ်းကြောင်းတစ်ခုလုံးကို တရုတ်နည်းပညာ၊   တရုတ်စံနှုန်းများ အသုံးပြုထားပြီး တည်ဆောက်ပြီးစီး ပါက အင်ဒိုနီးရှားနှင့် အရှေ့တောင်အာရှ ၏ ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်း ဖြစ်လာမည်ဖြစ်သည်။

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။   ခင်ရတနာ စုစည်းဖော်ပြသည်၊၊