EV အသုံးပြုခြင်းအားဖြင့် ကာဗွန်ထုတ်လုပ်မှုကိုလည်း အများကြီးလျှော့ချပေးနိုင်တယ်၊ လောင်စာဆီသုံးစွဲမှုကို ရာနှုန်းပြည့် လျှော့ချနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ရော နိုင်ငံအနေနဲ့ပါ စရိတ်ကုန်ကျမှု အမှန်တကယ်လျော့နည်းလာနိုင်မှာဖြစ်ပါတယ်

 

EV Charging Station  များကို  Pilot Project အနေဖြင့် နေပြည်တော်၊ ရန်ကုန်မြို့၊  မန္တလေးမြို့နှင့် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးပေါ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ Pilot Project အနေဖြင့် အကောင်အထည်ဖော် လျက်ရှိသည့် နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ EV Charging Station များကို မတ်လအတွင်း  အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး  EV  ကားများ၏ အားသာချက်၊  အားနည်းချက်များအပေါ် ယာဉ်မောင်းနှင့် ယာဉ်ပိုင်ရှင်အချို့၏ စကားသံများကို စုစည်းဖော်ပြအပ်ပါသည်။

 


ဦးမောင်မြင့်(ယာဉ်မောင်းသူ)
ရန်ကုန်မြို့


 EV   ကားတွေရဲ့    အားသာချက်က  အဓိကကတော့ ကုန်ကျစရိတ်ပေါ့။ EV နဲ့ Taxi   ဆွဲရတာ  ဆီဖိုးလုံးဝမကုန်တော့ အခုလို     ဆီဈေးတွေတက်နေတဲ့အချိန် နေ့စဉ်   ကုန်ကျစရိတ်က    ပုံမှန်ထက်  ၈၀ ရာခိုင်နှုန်းလောက်ကို  သက်သာသွား တော့ ကျွန်တော်တို့  Taxi  သမားတွေ အတွက် ပိုကိုက်တာပေါ့။ အရင်ကဆို   EV  ကား ဆိုတာကို လုံးဝစိတ်မဝင်စားဘူး။ တချို့ပြောနေကြသလို        မီးပျက်လို့ အားသွင်းလို့    မရမှာ၊   အလွယ်တကူ အားသွင်းလို့ မရနိုင်မှာတွေကို    စိုးရိမ်ခဲ့ တယ်။  ဒါပေမယ့် အခုက  ကျွန်တော်တို့   နိုင်ငံမှာလည်း Charging Station တွေ က    ထင်ထားတာထက်ပိုပြီး   မြန်မြန် ဆန်ဆန်ပြီးစီးသွားတယ်။ အားသွင်းဖို့က လည်း  DC Fast Charging တွေဆိုတော့ လွယ်ကူမြန်ဆန်တယ်။     တကယ့်ကို အားရပါတယ်။
ပြီးတော့   ဓာတ်ဆီ၊     ဒီဇယ်ကားနဲ့ ကွာခြားမှုက   ပြုပြင်ထိန်းသိမ်းစရိတ်။ အခု EV ကားတွေမှာက  ဆီကားတွေလို အင်ဂျင်ဝိုင်လဲလှယ်စရာမလိုဘူး၊   filter တွေ   လဲရတာမျိုးလည်း     မရှိတော့ဘူး။ ယာဉ်မောင်းသူအတွက် ကုန်ကျစရိတ်က ဘာမှကို    သိပ်မရှိတာပါ။    ပြီးတော့ Engine မပါတဲ့အတွက် ကားမောင်းရတာ စက်သံမကြားဘဲ       အသံကလုံပြီး   တိတ်ဆိတ်တယ်။ အဲဒီတစ်ချက်ကလည်း ဆီကားနဲ့ လုံးဝကို     သိသိသာသာကွာခြား တယ်။ ကျွန်တော်ကတော့     အဲဒီအချက် ကို တော်တော်ကြိုက်တယ်။    ကျွန်တော် ပြောခဲ့သလိုပဲ    နေ့စဉ်ကုန်ကျစရိတ်က ဆီကားတွေထက်     ၈၀    ရာခိုင်နှုန်း လောက် သက်သာသွားတော့ ကျွန်တော် တို့အတွက်    ဝင်ငွေပိုရတယ်။      မိသားစု အတွက်  ပိုကောင်းတာပေါ့ဗျာ။

 


ဝေယံ(ယာဉ်မောင်းသူ)
ရန်ကုန်မြို့


ကျွန်တော်ကတော့   စမ်းသပ်ပြီး   EV ကားနဲ့ အလုပ်လုပ်ကြည့်ပြီးပါပြီ။ ကုန်ကျစရိတ်နည်းသွားတော့ ကျွန်တော့် အတွက်လည်း    စီးပွားရေးအရ   ကိုက်ပါ တယ်။ ကျွန်တော်က  အရင်က  ဆီကား   Taxi    မောင်းတယ်။  အခု  EV  ကား မောင်းတယ်။ ဘာပဲပြောပြော  EV ကား တွေက အသစ်တွေဆိုတော့ ယာဉ်မောင်း အတွက်လည်း ကုန်ကျစရိတ်နည်းတယ်၊ ကားငှားစီးတဲ့ သူအတွက်လည်း ဆီကား နဲ့စာရင် ဈေးနှုန်းသက်သာတယ်။  EV ကားမောင်းဖို့   ဘယ်လိုလုပ်ရသလဲဆို တော့  EV  ကား  Company   တွေနဲ့ ချိတ်ဆက်တယ်။ အခု N.P.K Motors နဲ့ ချိတ်ဆက်ပြီး လိုအပ်တဲ့ စာရွက်စာတမ်း တွေပေးပြီး မောင်းနှင်တာပါ။ အခုလို ကျွန်တော်တို့လို    Taxi   သမားတွေကို အဆင်ပြေအောင်  ဆောင်ရွက်ပေးတဲ့ အတွက်လည်း N.P.K Motor Co.,Ltd ကို ကျေးဇူးတင်ပါတယ်။


ကျွန်တော့်အမြင်      ပြောရရင်တော့ ကျွန်တော်က   Taxi    မောင်းနှင်သူ တစ်ယောက်အနေနဲ့ ကုန်ကျစရိတ် လုံးဝ ကိုသက်သာလို့  သဘောကျတယ်။ အခု N.P.K Motor Co.,Ltd ကနေ မြန်မာပြည် ရဲ့ ပထမဆုံး MG EV Charging Station ကို    တာဝန်ယူဆောက်လုပ်ပေးတာ တွေ့ရတယ်။   နောင်လည်း   မြန်မာပြည် နေရာအနှံ့မှာ   နောက်ထပ်   Charging Station တွေ  အမြန်ဆုံးဆောက်လုပ် ပြီးစီးသွားဖို့လည်း    မျှော်လင့်ပါတယ်။ ကျွန်တော်ကတော့  မြန်မာပြည်ကို  EV ကားတွေ ဝင်လာတာကို ကြိုဆိုပါတယ်။

 


ကိုမိုးသန့်(ရန်ကုန်)
EV ကားဝယ်ယူသူ


အခုဆို မြန်မာနိုင်ငံမှာ EV ကားတွေ အကြောင်း တော်တော်များများ သိလာ ကြတယ်။     လျှပ်စစ်သုံးယာဉ်တွေမှာ အဓိကမောင်းနှင်ဖို့ အသုံးပြုတဲ့ မော်တာ က ဆီကားတွေရဲ့ အင်ဂျင်နဲ့ နှိုင်းယှဉ်လို့ရှိ ရင် စွမ်းဆောင်ရည် ပိုမိုမြင့်မားပြီးတော့ စွမ်းအင်သုံးစွဲမှုလည်း လျော့နည်းတယ်။ EV    အသုံးပြုခြင်းအားဖြင့်     ကာဗွန် ထုတ်လုပ်မှုကိုလည်း အများကြီးလျှော့ချ ပေးနိုင်တယ်၊  လောင်စာဆီသုံးစွဲမှုကို ရာနှုန်းပြည့်     လျှော့ချနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ရော    နိုင်ငံအနေနဲ့ပါ စရိတ်ကုန်ကျမှု       အမှန်တကယ် လျော့နည်းလာနိုင်မှာ ဖြစ်ပါတယ်။


အဓိကတော့ ဆီကားထက် အားသာ မှုရှိတယ်။ တင်သွင်းတဲ့ ကုမ္ပဏီတွေက လည်း များပါတယ်။ ကျွန်တော်လည်း EV ကား သဘောကျလို့ ဝယ်ဖြစ်တာပါ။ အဲဒီထဲကမှ   ကျွန်တော်က    MG     ကို ရွေးဖြစ်တယ်။ ကျွန်တော်တို့လို ဝယ်ယူ သူစဉ်းစားတာက  ကိုယ်သုံးလိုက်ရတဲ့ ပိုက်ဆံတွေကို အလကားမဖြစ်ချင်ဘူး။ ကားဝယ်ပြီး စိတ်ပူနေရတာမျိုး မဖြစ် ချင်ကြဘူး။  ရေရှည်အသုံးခံချင်တယ်။ ဒါကြောင့် လေ့လာကြည့်တယ်။ အင်တာ နက်ကနေလည်း      တခြားနိုင်ငံမှာ အသုံးပြုတာတွေ လေ့လာကြည့်တယ်။ လေ့လာပြီးတော့မှ MG Brand သဘော ကျလို့ ရွေးချယ်ဝယ်ယူထားပါတယ်။ EV နည်းပညာတွေနဲ့   ပတ်သက်ပြီးလည်း MG က  ပြည်တွင်းရော   ပြည်ပမှာပါ သေချာထရိန်နင်တွေ      လုပ်နေကြ၊ ပြင်ဆင်နေကြတာတွေ့တော့ ကားတွေ ထိန်းသိမ်း     စောင့်ရှောက်မှုအပိုင်းမှာ စိတ်ချရမယ်လို့ ထင်တယ်။


ကျွန်တော်တို့လို    အသုံးပြုသူတွေ အဆင်ပြေဖို့ တစ်ဖက်က EV ကားတွေ အတွက်      အခြေခံလိုအပ်ချက်ဖြစ်တဲ့ Charging Station  တွေကို   အရင်ဆုံး မြန်မြန်ဆန်ဆန်    ဆောက်လုပ်နေတဲ့ အတွက်   ပိုဝမ်းသာရတာပေါ့ဗျာ။   EV ကားစီးရမှာ     လူတွေကြောက်ကြတဲ့ အဓိကအချက်က   အားသွင်းလို့မရမှာ၊ အခုက Charging Station အမြန်ဆုံး ပေါ်လာမှာ  ဖြစ်တဲ့အတွက်  စိတ်ပူစရာ မလိုတော့ဘူး။ 

 


မယမုံဦး
Marketing Manager
N.P.K Motors | MG Myanmar


ကျွန်မတို့ MG Myanmar အနေနဲ့က အရင်ကတည်းကလည်း    Brand New အင်ဂျင်ကားတွေကို   ခိုင်ခိုင်မာမာနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ Official Autho-rize Dealer အနေနဲ့ တင်သွင်းရောင်းချ လာခဲ့တာမှာ မြန်မာပြည်သူ ပြည်သား တွေကြားမှာလည်း    တော်တော်လေး လူကြိုက်များ  အောင်မြင်ခဲ့ပါတယ်။ အခု ဆိုရင်လည်း   EV   လျှပ်စစ်ကားတွေဆိုတာ တစ်ကမ္ဘာလုံးက       အရှိန်အဟုန်နဲ့ ပြောင်းလဲလာကြတဲ့အပေါ်  မြန်မာနိုင်ငံ အနေနဲ့လည်း   အပါအဝင်ဖြစ်ပါတယ်။ ဒီလိုအနေအထားမှာ ဦးဆောင်ကော်မတီ ရဲ့ လမ်းညွှန်မှုနဲ့ မူဝါဒတွေအတိုင်း  စနစ် တကျလိုက်နာပြီး  မြန်မာနိုင်ငံနဲ့  အထူး သင့်တော်မယ့်   MG EV    ကားတွေကို တင်သွင်းရောင်းချဖို့    ရှိလာခဲ့တယ်။ ကျွန်မတို့ MG Myanmar ကတော့ ခိုင်မာ သေချာတဲ့ Brand တစ်ခုဖြစ်တာနဲ့အညီ ကားရောင်းတယ်ဆိုတဲ့အပိုင်းမှာ   ကား ရောင်းတာတင်မကဘူး၊   ဝယ်သူတွေကို Service ပါ  ရောင်းတာပါ။  ဒါကြောင့် စိတ်ကြိုက်လာရောက်လေ့လာကြည့်ပါ။


EV    ကို   သုံးစွဲကြမယ့်သူတွေကို စိတ်ပူစရာမလို      အဆင်ပြေအောင် ကောင်းမွန်ပြည့်စုံတဲ့    ဝယ်ယူနိုင်မှုပုံစံ တွေ၊   Aftersales Service     တွေ ၊ Warranty   တွေ၊   EV Fast Charging Station   တွေကိုလည်း    စနစ်တကျ အကုန်အကျခံ     ရင်းနှီးတည်ဆောက် ပြီး   ဝယ်ယူသူတွေ   လက်ထဲကကို စိတ်ချမ်းချမ်းသာသာနဲ့    ဝယ်ယူနိုင် အောင်    တင်သွင်းရောင်းချပေးမှာပဲ ဖြစ်ပါတယ်။


ကျွန်မတို့အနေနဲ့   လက်ရှိမှာ   EV သုံးစွဲကြမယ့်သူတွေ     အဆင်ပြေစေဖို့ မြို့ကြီးတွေမှာ    DC Fast Charging Station ကြီးတွေ ဆောက်လုပ်ပေးနေ တယ်။ တင်သွင်းရောင်းချမယ့် EV Brand New ကားတွေကိုလည်း ပစ္စည်းကွာလတီ ကောင်းကောင်း ၊ သင့်တော်တဲ့ ဈေးနှုန်း တွေနဲ့ ရောင်းချပေးမယ့်အပြင် ဝယ်ယူ ပြီးနောက်ပိုင်း သုံးစွဲသူတွေ  စိတ်ပူစရာ မရှိရစေမယ့်      ခိုင်မာတာဝန်ယူမှုရှိတဲ့ Warranty တွေ ၊ Aftersales Service တွေကိုလည်း    စနစ်တကျ     ခိုင်ခိုင် မာမာရှိနေဖို့     စီစဉ်ဆောင်ရွက်ထားရှိ ပါတယ်။

 


ဦးသက်အောင်နိုင်(ယာဉ်မောင်းသူ)
နေပြည်တော်


ကျွန်တော်က နေပြည်တော်မှာ EV Taxi မောင်းနှင်တဲ့သူ တစ်ဦးပါ။ ပထမ ဆုံး EV Taxi မောင်းရတဲ့ အတွေ့အကြုံက တော့ ဆီကားနဲ့စာရင် အားသာချက်များ တယ်လို့ ဆိုရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဆီဈေးနှုန်းက မြင့်နေရင် ဆီကားမောင်း တဲ့သူအတွက်၊     စီးရတဲ့သူအတွက်က ဈေးနှုန်းက သိသာပါတယ်။ ဒီအရာတွေ ကို   ကျော်လွှားဖို့က  EV    ကားတွေက အဖြေပါ။       သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို တစ်ဖက်က အထောက် အကူပြုတော့ စိတ်ဝင်စားမှုများတယ်။
အခုက   နေပြည်တော်မှာ   N.P.K Motors ကုမ္ပဏီပိုင်ကနေ အငှားမောင်း တာပါ။ DC Fast Charging Station ကြီးတွေ အလျင်အမြန် လုပ်ပေးနေတော့ သူများနိုင်ငံတွေလို ကျွန်တော်တို့ဆီမှာ လည်း EV ကားတွေ တွင်ကျယ်လာမှာပါ။ တစ်ဖက်ကလည်း ကားတစ်ခုခု ချို့ယွင်း မှုရှိခဲ့ရင် Service ပေးနိုင်မယ့် လျှပ်စစ် ကားပြုပြင်ထိန်းသိမ်းရေး     နေရာတွေ လည်း တစ်ပြိုင်တည်းပေါ်လာရင် သုံးစွဲ သူတွေအတွက် အကောင်းဆုံးဖြစ်လာ မှာပါ။  နယ်မြို့တွေအထိပါ    တွင်တွင် ကျယ်ကျယ်လုပ်ပေးရင် သုံးကြမယ့်သူ အများကြီးပါ။


တွေ့ဆုံမေးမြန်း - အောင်မင်းဟန်