EuroCham Myanmar နှင့် ကုန်သည်/စက်မှုအသင်းချုပ်တို့ တွေ့ဆုံဆွေးနွေး

 

ရန်ကုန်    ဇူလိုင်    ၂၉


မြန်မာနိုင်ငံအခြေစိုက်     Euro Chamber   of Commerce in Myanmar မှ CEO ဖြစ်သူ Ms. Karina Ufert နှင့်   အဖွဲ့ဝင်များ သည် စီးပွားရေးဆိုင်ရာ   အခြေ အနေများ၊ အခက်အခဲများ၊ စိန်ခေါ် မှုများနှင့်စပ်လျဉ်း၍   ဇူလိုင် ၂၉ ရက်က       လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ကုန်သည်/  စက်မှုအသင်းချုပ်တွင် ကုန်သည်/စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း  နှင့် တာဝန်ရှိသူများကို လာရောက် တွေ့ဆုံဆွေးနွေးသည်။
EuroCham Myanmarသည် မြန်မာနိုင်ငံအတွင်း     ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု   လုပ်ကိုင်ဆောင် ရွက်လျက်ရှိသည့် ဥရောပအခြေ စိုက် ကုမ္ပဏီများဖြင့် ဖွဲ့စည်းထား ရှိသည်။ ဆွေးနွေးပွဲတွင် EuroCh-am Myanmar   ၏   အဖွဲ့ဝင်များ ဖြစ်သော    Logistics Sector, စားသောက်ကုန်နှင့်     လူသုံးကုန် ကဏ္ဍ၊ လယ်ယာထွက်ကုန်(မျိုးစေ့)၊  ဆိုလာစွမ်းအင်၊ ကျန်းမာရေးနှင့် ဆေးဝါးကဏ္ဍမှ  လုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များမှ  စီးပွားရေး လုပ်ငန်းများ     လွယ်ကူချောမွေ့ စွာလည်ပတ်နိုင်ရေး၊    အလုပ် အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ရေး၊ သွင်းကုန်လိုင်စင်များအချိန်ကြန့်ကြာမှုမရှိဘဲ ရရှိနိုင် ရေး၊   တရားမဝင်ကုန်သွယ်မှုကို ထိရောက်စွာ   ကာကွယ်ပေးနိုင် ရေး၊  မူဝါဒရေးရာ   ကိစ္စရပ်များ၊လေးစားလိုက်နာမှုရှိသော စီးပွား ရေးဝန်းကျင်        ဖန်တီးနိုင်ရေး၊ ကုန်သွယ်မှုဆိုင်ရာ     အခက်အခဲ များလျော့နည်းစေရေး၊ ကုန်ကြမ်း တင်သွင်းခွင့်နှင့် နယ်စပ်ကုန်သွယ်  ရေးတွင် ငွေပေးချေမှုဆိုင်ရာကိစ္စ ရပ်များ၊ အွန်လိုင်းမှရောင်းချခွင့်ဆိုင်ရာ        မှတ်ပုံတင်ခြင်းနှင့်  စပ်လျဉ်း၍ Awareness Seminar များ  ကျင်းပပြုလုပ်နိုင်ရေးတို့ကိုတင်ပြဆွေးနွေးကြသည်။
ဆွေးနွေးချက်များအား ကုန် သည်/စက်မှုအသင်းချုပ်ဥက္ကဋ္ဌနှင့်  တာဝန်ရှိသူများက   မြန်မာနိုင်ငံ တွင်      ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်စေရေးနှင့်   အလုပ်အကိုင် အခွင့်အလမ်းများ   ဖန်တီးပေးနိုင် ရေးအတွက်          လုပ်ငန်းကဏ္ဍ အသီးသီးတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို    သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် လုပ်ငန်းကော်မတီ များသို့ တင်ပြညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မှန်ကန်  သည့် သတင်းအချက်အလက်များ ရရှိရေး၊ Awareness Seminar အတွက်လည်း     အသင်းချုပ်မှ သက်ဆိုင်ရာ        ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း    ပြန်လည်ဆွေးနွေး သည်။
ကုန်သည်/စက်မှု အသင်းချုပ် သည် Public Private Dialogue နှင့် ပုဂ္ဂလိကကဏ္ဍနှင့်   ဝန်ကြီး ဌာနအကြား Strategic Commu- nication တည်ဆောက်သွားရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အစည်းအဝေးသို့ ကုန်သည်/ စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း  နှင့်    တာဝန်ရှိသူများ၊   ဖိတ်ကြား ထားသော         လုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးကြသည်။


မျိုးမင်းသူရ