ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ် - ကံကုန်း - မြင်းကဆိပ် - မြောင်းမြလမ်းပေါ်ရှိ ပမ္မဝတီတံတား(မြင်းကဆိပ်) အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းခွင်နှင့် တောင်သူလယ်သမားနေ့အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေး

 

ပုသိမ်    ဖေဖော်ဝါရီ   ၂၅
ဧရာဝတီတိုင်းဒေသကြီး  ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းသည် ယနေ့ နံနက်ပိုင်းက     တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ တံတား ဦးစီးဌာန   တံတားအဖွဲ့(၁၅)မှ တာဝန်ယူ    ဆောင်ရွက်လျက် ရှိသည့်  ပုသိမ်  -  ကံကုန်း  - မြင်းကဆိပ်- မြောင်းမြလမ်းပေါ်ရှိ ပမ္မဝတီတံတား    (မြင်းကဆိပ်) အဆင့်မြှင့်တင် တည်ဆောက်ခြင်း (Steel   Box  Girder)  သံကူ ကွန်ကရစ်ကြမ်းခင်း၊    တံတား အရှည် ၃၈၄ မီတာ (ပေ  ၁၂၆၀)၊ ယာဉ်သွားလမ်းအကျယ် ၇ ဒသမ ၃မီတာ၊    လူသွားလမ်းအကျယ် ၀   ဒသမ  ၆ မီတာ၊  ရေလမ်း ကင်းလွတ်အကျယ်     မီတာ  ၆၀ (ပေ  ၂၀၀)၊   ရေလမ်းကင်းလွတ် အမြင့် ၆ ဒသမ ၀ မီတာ (ပေ ၂၀)၊ တံတားခံနိုင်ဝန်        H.S - 25 (AASHTO)       လုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးသည်။ ရှင်းလင်း ဆောင်၌   စီမံကိန်းလုပ်ငန်း  စီမံ ချက်နှင့်  ပြီးစီးမှုအခြေအနေများ နှင့်    ချဉ်းကပ်လမ်း  ကတ္တရာ ကွန်ကရစ်ခင်းခြင်း၊     တံတား လက်ရန်းတပ်ဆင်ခြင်း  စသည့် အချောသပ်လုပ်ငန်းများ ဆောင် ရွက်မှုများကို  တာဝန်ရှိသူများက  ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က        လုပ်ငန်းခွင် အန္တရာယ်      ကင်းရှင်းစေရေး၊ သတ်မှတ်ထားသော  ကာလများ အတွင်း     အချိန်မီပြီးစီးစေရေး၊ စံချိန်စံညွှန်း         ပြည့်မီရေးနှင့် လုပ်ငန်းခွင်သန့်ရှင်းရေး လုပ်ငန်း များ  အလေးထားဆောင်ရွက်ရန် မှာကြားသည်။
အဆိုပါ       ပမ္မဝတီတံတား (မြင်းကဆိပ်)   အဆင့်မြှင့်တင် တည်ဆောက်ခြင်းကို အချောသပ် လုပ်ငန်းများ     ဆောင်ရွက်လျက် ရှိရာ   ၉၇   ရာခိုင်နှုန်း   ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။ 
ဆက်လက်၍   တိုင်းဒေသကြီး   ဝန်ကြီးချုပ်သည်    ကန်ကြီးထောင့် မြို့နယ် ဝါးဒူးကျေးရွာ၌ မတ်   ၂  ရက်‌တွင်    ပြုလုပ်မည့်    တောင်သူ လယ်သမားနေ့ အခမ်းအနားတွင် ပြသရန်     စိုက်ပျိုးရေးဦးစီးဌာနက ကြိုတင်ပြင်ဆင်        ဆောင်ရွက် ထားသည့်       သီးပင်စားပင်များ၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးထားရှိ မှု၊ မွေးမြူရေးလုပ်ငန်းများ ပြသ ထားရှိရန် ပြင်ဆင်ထားရှိမှုများနှင့် အခမ်းအနားပြုလုပ်မည့်   နေရာ တို့ကို   ကြည့်ရှုစစ်ဆေးရာ(ဝဲပုံ) တောင်သူလယ်သမားနေ့အတွက် ကြိုတင်ပြင်    ဆောင်ရွက်နေမှု အခြေအနေများအား   တောင်သူ လယ်သမားနေ့    ကျင်းပရေး ကော်မတီများမှ တာဝန်ရှိသူများ ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအားလုံး ပြသနိုင်ရေး၊ တောင်သူများအား       ပါဝင် တက်ရောက်စေရေး ယခင်နှစ်များ ထက် ကဏ္ဍစုံပါဝင်စေရေး လိုအပ် သည်များကို   ဖြည့်စွက်မှာကြား သည်။ တိုင်းဒေသကြီး(ပြန်/ဆက်)