ဧရာဝတီတိုင်းဒေသကြီးရှိ ပဆင-ဓနုဘေး-သက္ကယ်ကျွန်းလမ်း ကတ္တရာလမ်းခင်းခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

 

ဇလွန်    ဇန်နဝါရီ    ၈


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန် ရှိ သူများသည် ပဆင-ဓနုဘေး-သက္ကယ်ကျွန်းလမ်း    ကတ္တရာ လမ်းခင်းခြင်းဖွင့်ပွဲကို       ယနေ့ မွန်းတည့်  ၁၂ နာရီတွင်   ပဆင-ဓနုဘေး  -  သက္ကယ်ကျွန်းလမ်း တွင်    တက်ရောက်    ဖွင့်လှစ်ခဲ့ သည်။

 


အဆိုပါ    အခမ်းအနားတွင် တိုင်းဒေသကြီး       ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက   အမှာစကား ပြောကြားခဲ့ပြီး    တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး      ဦးစီး ဌာန  ညွှန်ကြားရေးမှူး (မြို့ပြ)က       ကတ္တရာလမ်း ဆောင်ရွက်ခဲ့မှုအား          ရှင်းလင်းတင်ပြကာ     ဒေသခံ ပြည်သူတစ်ဦးက     ကျေးဇူးတင် စကား        ပြန်လည်ပြောကြားခဲ့ သည်။   ယင်းနောက်  ပဆင-ဓနုဘေး  - သက္ကယ်ကျွန်းလမ်း ကတ္တရာလမ်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်      ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး         လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး၊  တိုင်း ဒေသကြီး  လမ်းပန်းဆက်သွယ် ရေး  ဝန်ကြီးတို့က   ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး     ပဆင  -  ဓနု ဘေး  - သက္ကယ်ကျွန်းလမ်းအား   လှည့်လည်      ကြည့်ရှုစစ်ဆေး သည်။

 


အဆိုပါ လမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်     တိုင်းဒေသ ကြီး ငွေလုံးငွေရင်း   ရန်ပုံငွေဖြင့် (၁/၀ ဒသမ ၁၅) မိုင်နှင့်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်  (၁/၀) မိုင် ကတ္တရာခင်းခြင်း  လုပ်ငန်း အား ကျေးလက်လမ်း     ဖွံ့ဖြိုးရေး ဦးစီးဌာနမှ    တာဝန်ယူဆောင်ရွက် ခဲ့ကြောင်း  သိရသည်။


 ဇလွန်(ပြန်/ဆက်)