ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် ၁၂ မြို့နယ်မှ သမဝါယမအသင်းများက စပါးဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်

 

 

နေပြည်တော်   ဒီဇင်ဘာ  ၂၈  
ကျေးလက်နေ   တောင်သူများ စိုက်ပျိုးထုတ်လုပ်ခဲ့သည့် စပါး များ ရောင်းချရာတွင်      အခက် အခဲ မရှိစေရန်နှင့် သင့်တင့်မျှတ သော   ဈေးနှုန်းများ  ရရှိစေရန် ရည်ရွယ်၍    သမဝါယမကဏ္ဍ က     စပါးဝယ်ယူရေးလုပ်ငန်း များ  ဆောင်ရွက်လျက်ရှိသည်။     ဧရာဝတီတိုင်းဒေသကြီးအတွင်း ရှိ  သာပေါင်း၊ ငပုတော၊  ကျုံပျော်၊   ရေကြည်၊ ကျောင်းကုန်း၊ အိမ်မဲ၊ မော်လမြိုင် ကျွန်း၊ ပန်းတနော်၊ ဓနုဖြူ၊   ဖျာပုံ၊   ကျိုက်လတ်နှင့်   ဒေးဒရဲမြို့နယ်များမှ   မြို့နယ် သမဝါယမ   အသင်းစုများနှင့် အခြေခံသမဝါယမအသင်းများ က   ဒေသအတွင်း    စိုက်ပျိုး ထွက်ရှိသည့် ဧည့်မထ၊  ပေါ်ဆန်း၊ ဆင်းသုခ၊  မနောသုခ၊ တောင်ပျံ နှင့်   ဘေးကြားတောင်ပျံ    စပါး တင်းပေါင်း       ၁၀၄၁၆၀   ကို   ယခု    ဒီဇင်ဘာလမှ     စတင်၍   ဝယ်ယူ   ဆောင်ရွက်သွားမည်      ဖြစ် သည်။
ထိုသို့     စပါးဝယ်ယူရေး လုပ်ငန်းများ အကောင်အထည် ဖော်   ဆောင်ရွက်ခြင်းကြောင့် တောင်သူများ၏   စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ   အထောက် အကူပေးလျက်ရှိကြောင်း   သိရ သည်။                       
သတင်းစဉ်