ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသူများကို ဂုဏ်ပြုချီးမြှင့်

 

 

နေပြည်တော်  ဒီဇင်ဘာ  ၁၃
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊   ကုသရေး  လုပ်ငန်း များတွင်   ပါဝင်ကူညီဆောင်ရွက် ပေးခဲ့ကြသည့်    ကျန်းမာရေး ဝန်ထမ်းများကို     ဂုဏ်ပြုချီးမြှင့် ခြင်းကို  ယနေ့နေ့လယ်ပိုင်းတွင် အနောက်တောင်တိုင်း   စစ်ဌာန ချုပ်  ဧရာဝတီခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက   ဂုဏ်ပြု အမှာစကား   ပြောကြားသည်။ ထို့နောက်   ဧရာဝတီတိုင်းဒေသ ကြီးအတွင်း   ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင်      ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် ပုသိမ် မြို့    နယ်မြေခံဆေးတပ်ရင်းနှင့် ဟိုင်းကြီးကျွန်းမြို့ရှိ တပ်မတော် ဆေးရုံတို့မှ     တပ်မတော်သား ပါရဂူများ၊    ဆရာဝန်များနှင့် သူနာပြုများကို      တိုင်းမှူးက ဂုဏ်ပြုချီးမြှင့်ငွေနှင့်    ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် ရာ တာဝန်ရှိသူများက   လက်ခံ ရယူကြပြီး   ကျေးဇူးတင်စကား ပြန်လည်  ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။        သတင်းစဉ်