ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲ ကျင်းပ

 

နေပြည်တော်  ဇွန်   ၁၀


ဧရာဝတီတိုင်းဒေသကြီး တရား မဝင်ကုန်သွယ်မှု  တိုက်ဖျက်ရေး အထူးအဖွဲ့မှ        ကျင်းပသော တရားမဝင်ကုန်သွယ်မှုတိုက်ဖျက် ရေးဆင့်ပွားသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်း က  ပုသိမ်မြို့  ဧရာရွှေဝါခန်းမ၌ ပြုလုပ်ရာ   တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်   ဌာန ချုပ်တိုင်းမှူးဗိုလ်ချုပ်   အောင်အောင် နှင့် တာဝန်ရှိသူများ၊  သင်တန်း သား၊        သင်တန်းသူများနှင့်  ဖိတ်ကြားထားသူများ    တက် ရောက်ကြသည်။

 


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီး ချုပ်က  အမှာစကားပြောကြားပြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက် ရေး           ဆင့်ပွားသင်တန်း တက်ရောက်မည့် သင်တန်းသား သင်တန်းသူများအား ထောက်ပံ့ ငွေများပေးအပ်ရာ   တာဝန်ရှိသူ တစ်ဦးက   လက်ခံရယူသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က တက်ရောက် လာကြသူများအား  ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင် များသည် ပုသိမ်မြို့ ပြည်သူ့ဆေးရုံ ကြီး ကိုးထပ် တိုးချဲ့ဆောင်၏ ၈၃ ရာခိုင်နှုန်း  ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို  သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။    

 
 သတင်းစဉ်