မြောင်းမြ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ဧရာဝတီတိုင်း တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စန်းဝင်းသည် ရုံးအဖွဲ့မှူး ဦးကျော်စိုးညွန့်၊ မြောင်းမြခရိုင် တရားသူကြီး ဒေါ်ခင်ဝင်းလှိုင် တို့နှင့်အတူ ယမန်နေ့က မြောင်းမြအကျဉ်း ထောင်ကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် အကျဉ်း ထောင် တာဝန်ခံအရာရှိက အကျဉ်းထောင် အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးလွှတ်တော် တရားသူကြီးနှင့် တာဝန်ရှိသူများသည် အကျဉ်းထောင်အတွင်း အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူ များ နေထိုင်သည့် အဆောင်များနှင့် စားဖို ဆောင်၊ ဆေးပေးခန်းနှင့် စာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှု၍ ၎င်းတို့၏ ဥပဒေပါ အခွင့်အရေးများရရှိခြင်း ရှိ မရှိ၊ နေရာထိုင်ခင်း သက်သာချောင်ချိမှု ရှိ မရှိ၊ အစာအာဟာရ သင့်တင့်မျှတမှု ရှိ မရှိ၊ ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေနှင့် အသက်မွေး ဝမ်းကျောင်း အတတ်ပညာသင်ကြားမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေး မေးမြန်းပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး ရန် အကျဉ်းထောင် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)



