ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး မြောင်းမြမြို့၌ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလေ့ကျင့်နေမှုနှင့် ကယ်ဆယ်ရေးစခန်းထားရှိမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

မြောင်းမြ   မေ   ၁၂


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ မြို့၌ မုန်တိုင်းအန္တရာယ်ကျရောက် လာပါက   ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက်   သရုပ်ပြ လေ့ကျင့်နေမှုနှင့်   ကယ်ဆယ်ရေး စခန်းများ ဆောင်ရွက်ထားရှိမှုများ ကို  တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီး    ဦးစောလင်းခယ် နှင့်အဖွဲ့ ယမန်နေ့က   ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။

 


တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီးနှင့်အတူ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်  အဖွဲ့ဝင်များ၊   ဌာနဆိုင်ရာ တာဝန်ရှိသူများသည်   မုန်တိုင်း ရှောင်ပြည်သူများ လာရောက်ခိုလှုံ နေသည့် မဟာစည်ကျောင်းတိုက် တွင် ပြည်သူ ၁၂၆ ဦး၊  ချမ်းမြေ့ သာယာ         ကျောင်းတိုက်တွင် ပြည်သူ ၂၁၈ ဦးတို့ကို သွားရောက် ကြည့်ရှုအားပေးစကားများ ပြော ကြားပြီး   ကြက်ဥများ ထောက်ပံ့ ပေးအပ်ခဲ့သည်။   ဆက်လက်ပြီး တိုင်းဒေသကြီး    တိုင်းရင်းသား ရေးရာဝန်ကြီးနှင့်    အဖွဲ့သည် ကူညီကယ်ဆယ်ရေး  စခန်းများ ဖွင့်လှစ်ထားရှိသည့် မြစိမ်းရောင် တောင်သို့      သွားရောက်ပြီး မုန်တိုင်းရှောင်ပြည်သူ ၉၆၃ ဦး အတွက် ဆန်အိတ် ၆၀၊ ကြက်ဥ အလုံး  ၉၀၀  တို့ကို   ထောက်ပံ့ ပေးအပ်ခဲ့ပြီး     တွေ့ဆုံအားပေး စကားများ ပြောကြားသည်။

 


ထို့နောက်  တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အဖွဲ့သည်      ဒိုးပတ်စက်ကုန်း ကျေးရွာတွင် မုန်တိုင်းအန္တရာယ် ကျရောက်လာပါက  ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှု၊      သရုပ်ပြ လေ့ကျင့်နေမှုများ၊ အသိပညာပေး ဆောင်ရွက်နေမှုများနှင့် ပြင်ရွာ ကျေးရွာအုပ်စု    ကယ်ဆယ်ရေး စခန်းတွင် စားနပ်ရိက္ခာ  သောက် သုံးရေထားရှိမှုတို့ကို   စစ်ဆေးခဲ့ ပြီး  လိုအပ်သည်များ   မှာကြားခဲ့ ကြောင်း သိရသည်။ 


ခရိုင်(ပြန်/ဆက်)