ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်း အကြမ်းဖက်သမားများနှင့်  လက်နက်/ခဲယမ်းများ ပို့ဆောင်ပေးလျက်ရှိသည့် တရားခံများအား  ဖမ်းဆီးရမိ

 

 

နေပြည်တော်   ဒီဇင်ဘာ    ၆
အကြမ်းဖက်အဖွဲ့အစည်းများမှ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရား   ပျက်ပြားစေရန်ရည်ရွယ်၍ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်း တို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂ ရက်တွင် လုံခြုံရေးပူးပေါင်း အဖွဲ့သည် ပုသိမ်မြို့နယ်အတွင်း အကြမ်းဖက်သမားများနှင့် 
ချိတ်ဆက် ဆောင်ရွက်နေသည့်      စိုးပိုင်ဦး  (၃၅) နှစ်နှင့် အောင်ကျော် (၅၆)နှစ်တို့ နှစ်ဦးကို ပုသိမ်မြို့နယ် (၉)ရပ်ကွက်   သင်္ဘောကျင်းတွင် ဖမ်းဆီးရမိခဲ့သည်။
တရားခံ စိုးပိုင်ဦး၏ ထွက်ဆို ချက်အရ  ဒီဇင်ဘာ  ၂ ရက်တွင် ပုသိမ်မြို့ (၁၀) ရပ်ကွက် စက်ကုန်း ရပ်နေသူများဖြစ်သော ချောစုလှိုင် (၄၀)နှစ်ကို ဒီတိုနေတာ ငါးချောင်း၊  လက်လုပ်   သေနတ်ပြုလုပ်ရန် ဆင်ထားသည့်   ပိုက် သုံးခု၊ Gas Gun သုံးခု၊  Laptop တစ်လုံး၊ သံလိုက်အိမ်မြှောင်   နှစ်ခုတို့ဖြင့် လည်းကောင်း၊ စုလှိုင်မိုး(၂၅)နှစ်၊ တင်လှ (၅၂) နှစ်၊    ဖြိုးလေး(ခ)ကိုဖြိုး(၃၀)နှစ်တို့ သုံးဦးကို လည်း ကောင်း၊   ဖြိုးလေး(ခ) ကိုဖြိုး၏ ထွက်ဆိုချက်အရ ပုသိမ်မြို့နယ်တိုက်ကြီးကုန်းကျေးရွာ၌ ဇော်မင်း ထွန်း(ခ)  ကုလား  (၃၆) နှစ်ကို လည်းကောင်း  ထပ်မံဖမ်းဆီးရမိ ခဲ့သည်။
တရားခံများ၏ ထွက်ဆိုချက် အရ ဒီဇင်ဘာ ၃ ရက်တွင် ပုသိမ် မြို့နယ် တိုက်ကြီးကုန်းကျေးရွာနေ နီနီ(ခ) ဘာဘူလေး  (၃၈) နှစ်ကို လည်းကောင်း၊      အိမ်ချောင်း ကလေးကျေးရွာ စက်လှေဆိပ်၌ အောင်ဖြိုးမင်း(ခ) ဖြိုးကြီး (၂၀)နှစ်နှင့် စိုးယုကျော်(ခ) ဒေဝ (၂၆)နှစ်တို့ကို လည်းကောင်း ထပ်မံ ဖမ်းဆီးရမိခဲ့သည်။   
တရားခံ စိုးပိုင်ဦး၏ ထွက်ဆို ချက်အရ  ဒီဇင်ဘာ ၄ ရက်တွင် ပုသိမ်မြို့နယ် လင်းဝင်းကြီးအုပ်စု ကွက်ပြင်ကြီးကျေးရွာနေ ခင်သန်း (၅၈)နှစ်ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်း ၏ထွက်ဆိုချက်အရ   ပိတောက် ချောင်းကုန်းကျေးရွာရှိ  ဖမ်းဆီး ရန်ကျန်  အေးသောင်း  နေအိမ် အနောက်ဘက်၌ ပစ္စတိုသေနတ် တစ်လက်၊ ပွိုင့် ၃၈၀ ပစ္စတိုကျည် ၁၉ တောင့်၊ ကျည်အိမ် နှစ်ခုတို့ကို  သိမ်းဆည်းရမိခဲ့သည်။
တရားခံ ဖြိုးလေး(ခ)ကိုဖြိုး ၏ ထွက်ဆိုချက်အရ ဒီဇင်ဘာ  ၄ ရက်တွင် ပုသိမ်မြို့ (၁၀)ရပ်ကွက် (၁၀)လမ်းမကြီးရှိ ဖမ်းဆီးရန်ကျန် ဒေါ်မြနှစ်  နေအိမ်၌  ယမ်းထုပ် ငါးထုပ်၊  ချိန်ကိုက်မိုင်းပြုလုပ်ရာ တွင် အသုံးပြုသည့် စားပွဲတင်နာရီ ၁၀ လုံး၊  ဒီတိုနေတာ အချောင်း  ၅၀ နှင့်   ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများအား    သိမ်းဆည်းရမိ ခဲ့သည်။
တရားခံ စိုးယုကျော်၏ ထွက် ဆိုချက်အရ ဒီဇင်ဘာ ၅ ရက်တွင် ငပုတောမြို့နယ်   ဂုံညှင်းတန်း အုပ်စု   လဲလောင်းကျေးရွာအနီး ခြေတော်ရာ ဘုန်းကြီးကျောင်း အား ပူးပေါင်းအဖွဲ့ဖြင့်သွားရောက် ရှင်းလင်းခဲ့ရာ   ဥူးပညာနန္ဒ(ခ)ကြည်ညွန့် (၆၆)နှစ်အား ပစ္စတို တစ်လက်၊   ကျည်အိမ်   နှစ်ခု၊ ၉မမ ကျည်  အတောင့် ၂၀၊ M 16 တစ်လက်၊  ကျည်အိမ်   လေးခု၊    ၅ ဒသမ ၅၆ ကျည် ၉၆ တောင့်၊   ရှေ့ထွက်မိုင်း သုံးလုံး၊ ကျောပိုး အိတ်   ငါးလုံး၊   Keypad   ဖုန်း ရှစ်လုံး၊   ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ  စိုးပိုင်ဦး၏ ထွက်ဆို ချက်အရ   ဒီဇင်ဘာ  ၅ ရက်တွင် ပုသိမ်မြို့ (၁၀) ရပ်ကွက် စက်ကုန်း လမ်းတွင်   ဖိုးထွေး(၅၁)နှစ်ကို ပွိုင့်-၂၂ တစ်လက်၊ ကျည် ၆၈ တောင့်ဖြင့် လည်းကောင်း၊ လက် နက်/ခဲယမ်းများ   သိုဝှက်သိမ်း ဆည်းရာတွင် ပူးပေါင်းပါဝင်သည့် ဆက်စပ်တရားခံများဖြစ်သော သော်ဇင်ခြူး(ခ)ကိုခြူး(၂၅)နှစ်၊ ထူးဝေ(ခ)   ဟန်မျိုးဦး  (၂၃)နှစ်၊ စိုးသက်ခိုင်(ခ)သားပု (၂၁)နှစ်တို့ သုံးဦးကို   လည်းကောင်း   ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင်   တရားခံ ကျား  ၁၄ ဦး၊ မ  နှစ်ဦး ပေါင်း ၁၆ ဦး တို့ကို  လက်နက်မျိုးစုံ လေးလက်၊ ကျည်အိမ်မျိုးစုံ ရှစ်ခု၊ ကျည်မျိုးစုံ ၂၀၃    တောင့်၊   ရှေ့ထွက်မိုင်း သုံးလုံး၊ ဒီတိုနေတာ ၅၅ ချောင်း၊ ယမ်းထုပ်   ငါးထုပ်၊   လက်လုပ် သေနတ်ပြုလုပ်ရန် ဆင်ထားသည့် ပိုက် သုံးခု၊ Laptop တစ်လုံး၊ သံလိုက်အိမ်မြှောင် နှစ်ခု၊ ဖောက်ခွဲ ရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံများ၏ ထွက်ဆိုချက် အရ KNLA တပ်မဟာ(၆)တွင် ထွက်ပြေးတိမ်းရှောင်နေသူ ဖမ်း ဆီးရန်ကျန် ဂျပန်ကြီးမှ ရန်ကုန် မြို့နေ ဖမ်းဆီးရန်ကျန် ဖိုးလပြည့် (ခ)လပြည့်နှင့် ချိတ်ဆက်၍ လက် နက်/ခဲယမ်းများအား ဂက်စ်အိုး များအတွင်း      ထည့်သွင်းကာ ရန်ကုန် - ပုသိမ်   ပြေးဆွဲသော ခရီးသည်တင်ယာဉ်များဖြင့် စိုးပိုင် ဦးထံ   ပို့ဆောင်ခဲ့ကြောင်းနှင့် ၎င်းမှတစ်ဆင့်  လက်နက်သယ် ဆောင်ပေးမည့်သူများဖြစ်သည့် ဘယ်ကျော် ထံသို့ လည်းကောင်း၊ ဖမ်းဆီးရန်ကျန်     ချစ်ပိုင်စိုးမှ တစ်ဆင့် ခင်သန်း   ထံသို့လည်း ကောင်း၊  ဖမ်းဆီးရန်ကျန်  ဆရာ ဇော်  မှတစ်ဆင့် ပုသိမ်မြို့ (၁၀) ရပ်ကွက်       စက်ကုန်းလမ်းနေ ဖိုးထွေး     ထံသို့လည်းကောင်း၊ ဖမ်းဆီးရန်ကျန် တရားခံဖြစ်သည့် ရဲခေါင် မှတစ်ဆင့် ငပုတောမြို့နယ် လဲလောင်းကျေးရွာအနီး ခြေတော် ရာ ဘုန်းကြီးကျောင်းရှိ  ဥူးပညာ နန္ဒ (ခ) ကြည်ညွန့်၊ ဖမ်းဆီးရန် ကျန်    တိုက်ဂါး၊   ဆိတ်ကြီး၊ ကောင်းကောင်း  တို့ထံသို့  ပေးပို့ ထားရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရ သည်။
ထို့အပြင်      တရားခံများ၏ ထွက်ဆိုချက်အရ    ဂျပန်ကြီးမှ ပေးပို့သည့် ဒီတိုနေတာများနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ အား စိုးပိုင်ဦး သည် ကိုဖြိုး(ခ) ဖြိုးလေး မှတစ်ဆင့် မအူပင်မြို့ နယ်နေ ဖမ်းဆီးရန်ကျန် ကျားကြီး ထံသို့လည်းကောင်း၊ ကြံခင်းမြို့ နယ်နေ ဖမ်းဆီးရန်ကျန် မတင်ညွန့် ထံသို့လည်းကောင်း ခရီးသည်တင် ယာဉ်လိုင်းများဖြင့် ပို့ဆောင်ပေး ခဲ့ကြောင်းနှင့် စိုးယုကျော်(ခ)ဒေဝ သည်     ရဲခေါင်    မှပေးပို့သည့် ဖောက်ခွဲရေး    ပစ္စည်းများအား ငပုတောမြို့နယ် ဂုံညှင်းတန်း အုပ်စု      လဲလောင်းကျေးရွာရှိ အေးမြင့် ထံပေးပို့ခဲ့ရာ ဖမ်းဆီးရန် ကျန်      တရားခံများဖြစ်သည့် အေးမြင့်၊    ရဲခေါင်၊    တိုက်ဂါး၊ ဆိတ်ကြီးနှင့် ကောင်းကောင်းတို့ ငါးဦးမှ လက်လုပ်မိုင်းများ ပြုလုပ် ခဲ့ပြီး  ဖမ်းဆီးရန်ကျန် မင်းမင်းဦးမှ လက်လုပ်မိုင်းများအား ငပုတော မြို့နယ်      ဂုံညှင်းတန်းအုပ်စု လဲလောင်းကျေးရွာနေ ဖမ်းဆီးရန် ကျန် တူကယ် ထံသို့ ပို့ဆောင်ခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံများ၏ ထွက်ဆိုချက် အရ ယခုဖမ်းဆီးရမိတရားခံများ သည် ဖမ်းဆီးရန်ကျန် ပုသိမ် PDF အကြမ်းဖက်အဖွဲ့မှ နန္ဒ၏ စေခိုင်း မှုဖြင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်ရည်ရွယ်၍ နိုင်ငံ့ ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူ များအား      ဒလန်ဟုစွပ်စွဲကာ လုပ်ကြံသတ်ဖြတ်ခြင်း၊ ပြည်သူ လူထု  အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍   အများပြည်သူနှင့် သက်ဆိုင်သော  နေရာများတွင် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်း များ  ဆောင်ရွက်ခြင်း   စသည့် အကြမ်းဖက်လုပ်ငန်းများ  လုပ် ဆောင်မည့်သူများ၊ လက်နက်/ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်း များအား      ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း   ဖော်ထုတ် သိရှိရသည်။
အဆိုပါ   အကြမ်းဖက်အဖွဲ့ များထံ လူ၊  လက်နက်၊ ခဲယမ်း များနှင့် ဖောက်ခွဲရေးပစ္စည်းများ အား ပို့ဆောင်ပေးလျက်ရှိသော ဖမ်းဆီးရမိ    တရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူ နိုင်ရေး  ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူ တစ်ရပ်လုံးက  ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့်    ဆက်စပ် တရားခံများအား အမြန်ဆုံးဖမ်းဆီး ရမိရေးအတွက်  ၎င်းတို့ပုန်းခိုရာ နေရာများ၊     လှုပ်ရှားသွားလာ နေထိုင်မှု    သတင်းများရရှိပါက သက်ဆိုင်ရာသို့ စွာ သတင်း ပေး   တိုင်ကြားနိုင်ပါကြောင်း၊     သတင်းပေးသူနှင့် ဖမ်းဆီးပေးသူ များအား ထိုက်တန်စွာ ၍ ဆုငွေများ   ချီးမြှင့်ပေးမည်ဖြစ် ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး  အေးချမ်းတည်ငြိမ်ရေးအတွက်  ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း   ဆောင်ရွက်နိုင်ပါရန် သက်ဆိုင်ရာက     မေတ္တာရပ်ခံ ထားသည်။
သတင်းစဉ်