နေပြည်တော် ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး ဒီရေ တော သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ဘိုကလေးမြို့ ကဒုံကနိကြိုးဝိုင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ သစ်တောဦးစီး ဌာနမှ တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က အမှာစကားပြောကြား သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဗြူးရွှေဝါပင်များ၊ ပင်လယ် အုန်းပင်များကို ဒေသခံပြည်သူ များအား ပေးအပ်သည်။ ထို့နောက် တက်ရောက်လာကြ သူများနှင့်အတူ ဗြူးရွှေဝါပင်၊ သမဲ့ပင်၊ ကျနပင်၊ လမုပင် စုစုပေါင်းစိုက်ပျိုးပင် ၆၀၅၀ တို့ကို စုပေါင်းစိုက်ပျိုးကြပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က သစ်ပင် စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှု အားပေးကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန် ရှိသူများသည် ဗြုံးမွှေးကျွန်း ပျိုးဥယျာဉ်ရှိ ပျိုးပင်များပျိုးထောင် ထားရှိမှုများကို လည်းကောင်း၊ ဘိုကလေးမြို့နယ် ဆတ်ကျွန်း ကျေးရွာအုပ်စု ငါးပုတ်သင်တန်း ကျေးရွာ အခြေခံပညာမူလတန်း ကျောင်းရှိ ကျောင်းသား ကျောင်းသူများ ပညာသင်ကြား နေမှုများကို လည်းကောင်း သွားရောက်ကြည့်ရှု၍ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေး ပြီး ဆရာ ဆရာမများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်



