ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် အင်ဒူးကျေးရွာ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယတစ်ဦးတို့ကို အကြမ်းဖက်သမားများက ဓားများဖြင့် ရက်စက်စွာသတ်ဖြတ်

 

နေပြည်တော်   ဇူလိုင်   ၂၀


နိုင်ငံရေးအစွန်းရောက်  အကြမ်းဖက် သမားများအနေဖြင့်    နိုင်ငံတော် အတွင်း     တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထု အကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ် လာစေရန်ရည်ရွယ်၍  ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏        အထွတ် အမြတ်ထားရာ     သာသနာပိုင် အဆောက်အဦများ၊   ဘုန်းတော် ကြီးကျောင်းများကိုပါ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခြင်း၊     မိုင်း ထောင်ဖောက်ခွဲခြင်းနှင့်   ရဟန်း သံဃာတော်များအား    ဖမ်းဆီး ခေါ်ဆောင်  သတ်ဖြတ်ခြင်းများကို စိတ်နှလုံးညှိုးနွမ်းဖွယ်  ရက်စက် စွာ  ပြုလုပ်နေကြသည်ကို တွေ့ရှိ ရသည်။

 


ထိုသို့   ပြုလုပ်လျက်ရှိရာတွင် ဧရာဝတီတိုင်းဒေသကြီး    ဒေးဒရဲ မြို့နယ် အင်ဒူးကျေးရွာ  ဘုန်းကြီး ကျောင်းမှ     ကျောင်းထိုင်ဆရာ တော်     သက်တော်  (၉၃)  နှစ်၊ ဝါတော်(၇၂)ဝါရှိ  ဘဒ္ဒန္တ အိန္ဒြိယ နှင့်   အဆိုပါဘုန်းကြီးကျောင်းမှ ကပ္ပိယဖြစ်သူ  ဦးမောင်စော (၆၂)နှစ်တို့ကို       ယနေ့နံနက်တွင် အကြမ်းဖက်သမားများက   ဓား များဖြင့်   ရက်စက်စွာ    ဝိုင်းဝန်း ထိုးခုတ်ခဲ့သဖြင့် ဆရာတော်တွင် ဦးခေါင်း ငယ်ထိပ်ပြတ်ရှဒဏ်ရာ များနှင့် ဝဲပါးပြတ်ရှဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ပြီး  ဦးမောင်စော တွင် မေးစေ့ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ 

 


အကြမ်းဖက်    သမားများ၏ အကြောင်းမဲ့  အကြမ်းဖက်သတ် ဖြတ်မှုကြောင့်  နိုင်ငံတော်အတွင်း သံဃာတော် ၅၂ ပါးနှင့်  သီလရှင် ဆရာကြီးတစ်ပါးတို့  ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီး အဆိုပါ ဖြစ်စဉ် မှ သံဃာတော်တစ်ပါးနှင့် ကပ္ပိယ တို့အား ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်         သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော် ထုတ်ဖမ်းဆီး၍  ဥပဒေနှင့်အညီ အရေးယူနိုင်ရေး နယ်မြေခံ လုံခြုံ ရေး တပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်   ရှိကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်