ဧရာဝတီမြစ်ရေတက်၍ ပန်းတောင်းမြို့နယ် ရွာသာယာကျေးရွာအတွင်း ရေများဝင်ရောက်

 

ပန်းတောင်း  သြဂုတ်   ၂၄


ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ရွာသာယာကျေးရွာအုပ်စု ရွာသာယာကျေးရွာတွင် ဧရာဝတီမြစ်ရေတက်မှုကြောင့်  ​လူနေအိမ်ခြေများ၊ ရွာတွင်းလမ်းများသို့ ဩဂုတ် ၂၃ ရက်မှစ၍ မြစ်ရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ရွာသာယာကျေးရွာအုပ်စု ရွာသာယာကျေးရွာတွင် နေအိမ်​ ၁၁ လုံး၌ လူဦးရေ ၅၄ ဦး နေထိုင်ကြပြီး ရေဝင်ရောက်ခြင်းမှာ စိုးရိမ်ရသည့်အ​ခြေအနေမရှိသေးသဖြင့် ကယ်ဆယ် ရေးစခန်းသို့ ပြောင်းရွှေ့ရန် မလိုအပ်သေးကြောင်း သိရသည်။ 


ဆက်လက်၍   ဧရာဝတီမြ​​စ်​ရေ ဝင်ရောက်လာပါက အိမ်ထောင်စုများအား ရွာသာယာ ဘုန်းကြီးကျောင်း၌ ပြင်ဆင်ထားသည့်   ကယ်ဆယ်ရေးစခန်းသို့  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊   လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ပြောင်းရွှေ့ပေးမည်ဖြစ်ကြောင်း သိရသည်။                                                                               
လပြည့်လင်း(ပြန်/ဆက်)