ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြစ်ကြောင်းများအတွင်း သွားလာမည့်ရေယာဉ်၊ လှေ၊ သင်္ဘောများ၊ သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်သူများ ဂရုပြုနေထိုင်သင့်

 

နေပြည်တော် အောက်တိုဘာ ၂၂


ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် အောက်တိုဘာ ၂၂ ရက် နံနက် ၆ နာရီခွဲတိုင်းထွာချက်အရ ယင်းမြို့တွင် ၈၆၁ စင်တီမီတာသို့ ရောက်ရှိခဲ့ကာ တစ်ရက်အတွင်း ၁၃ ပေခန့် မြင့်တက်ခဲ့သည်။ 

 


ဧရာဝတီမြစ်အထက်ပိုင်းတွင် မြင့်တက်ခဲ့သော အဆိုပါမြစ်ရေ များသည် နောက် တစ်ရက်မှ ခြောက်ရက်အတွင်း  ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့တို့တွင် ၁၀ ပေမှ ၁၂ ပေခန့်၊ နောက် တစ်ရက်မှ ရှစ်ရက် အတွင်း ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့နှင့် ပြည်မြို့တို့တွင်  ရှစ်ပေမှ ၁၀ ပေခန့်၊  နောက် ၃ ရက်မှ ၁၀ရက်အတွင်း   ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ခြောက်ပေမှ ရှစ်ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင် သည်။ 

 


သို့ဖြစ်ပါ၍ မြစ်ကြောင်းများအတွင်း  သွားလာနေကြ သည့် ရေယာဉ်၊ လှေ၊ သင်္ဘောများအနေဖြင့် ဂရုပြုသင့်ပါ ကြောင်းနှင့် သဲသောင်ခုံများတွင်   စိုက်ပျိုးနေထိုင်ကြသူများ  အနေဖြင့်လည်း မြစ်ရေတိုးလာနိုင်မှုကို ဂရုပြုနေထိုင်သင့်ပါ ကြောင်း အကြံပြုအပ်သည်။                            

မိုး/ဇလ