ဧရာဝတီမြစ်နှင့် ချင်းတွင်း မြစ်ရေကြီးမှုအခြေအနေ

နေပြည်တော်   ဇူလိုင်   ၁၁
ယနေ့ မွန်းလွဲ ၁ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင်  ၁၁၃၆ စင်တီမီတာသို့ရောက်ရှိနေပြီး  ယင်းမြို့၏ စိုးရိမ်ရေမှတ် ၁၁၅၀ စင်တီမီတာအောက်သို့  ပြန်လည်ကျဆင်းပြီး ဖြစ်သည်။
ရွှေကူမြို့တွင်  ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခန့် (၃၃ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့  ပြန်လည်ကျဆင်း နိုင်သည်။
ကသာမြို့တွင်  ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခန့် (၂၄ စင်တီမီတာ) ကျော်လွန် ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်း နိုင်သည်။
မန္တလေးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခွဲခန့် (၄၈ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း သုံးလက်မခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
စစ်ကိုင်းမြို့တွင် ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခွဲခန့် (၄၇ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း သုံးလက်မခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
မြင်းမူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခွဲခန့် (၄၄ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း သုံးလက်မခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ပခုက္ကူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခွဲခန့် (၇၄ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း တစ်ပေခန့်  မြင့်တက်လာနိုင်ပြီး  ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ညောင်ဦးမြို့တွင် ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက်သို့ သုံးပေခွဲခန့် (၁၀၁ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း တစ်ပေခန့်  မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ယနေ့ နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် သပိတ်ကျင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ သုံးပေခန့် (၉၀ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း  ပေဝက်ခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ချင်းတွင်းမြစ်ရေကြီးမှုအခြေအနေ
ယနေ့ နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက်သို့ ငါးပေခွဲကျော်ခန့် (၁၇၅ စင်တီမီတာ)  ကျော်လွန်ရောက်ရှိနေသည်။  အဆိုပါမြစ်ရေ သည်  နောက်တစ်ရက်အတွင်း နှစ်ပေခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ယနေ့နံနက် ၁ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ငါးပေခွဲကျော် ခန့် (၁၇၄ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေ သည် နောက်တစ်ရက်အတွင်း တစ်ပေခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ရှစ်ပေခွဲခန့် (၂၅၇ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။  အဆိုပါမြစ်ရေ သည်   နောက်တစ်ရက်အတွင်း   ပေဝက်ခန့်  ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ယနေ့ မွန်းလွဲ ၁ နာရီခွဲတိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် မော်လိုက်မြို့တွင်  ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက်သို့ ကိုးပေခွဲခန့် (၂၈၆ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။   အဆိုပါမြစ်ရေ သည်   နောက်တစ်ရက်အတွင်း   ပေဝက်ခန့်   ကျဆင်းလာနိုင်ပြီး  ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ကလေးဝမြို့တွင် ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက်သို့ ခုနစ်ပေ ခန့် (၂၁၆ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။  အဆိုပါမြစ်ရေ သည်   နောက်တစ်ရက်အတွင်း   ပေဝက်ခန့်   ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
မင်းကင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ခြောက်ပေ ကျော်ခန့် (၁၉၀ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း သုံးလက်မခန့် ကျဆင်းလာ နိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
မုံရွာမြို့တွင်  ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ သုံးပေခွဲခန့် (၁၀၃ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။  အဆိုပါမြစ်ရေ သည်   နောက်တစ်ရက်အတွင်း   ပေဝက်ခန့်  မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ တစ်ပေခွဲကျော်ခန့် (၅၃ စင်တီမီတာ) ကျော်လွန်ရောက်ရှိ နေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း သုံးလက်မခန့် ကျဆင်းလာနိုင်ပြီး  ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်သည်။
သို့ဖြစ်ပါ၍ ရွှေကူမြို့နယ်၊ ကသာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်၊ ပခုက္ကူမြို့နယ်၊ ညောင်ဦးမြို့နယ်၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ မော်လိုက်မြို့နယ်၊ ကလေးဝမြို့နယ်၊ မင်းကင်းမြို့နယ်၊ မုံရွာမြို့နယ်၊ မန္တလေးမြို့နှင့် မြစ်ငယ် မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။        မိုး/ဇလ