ဧရာ၀တီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးဝင်းမြင့် ပုသိမ်အကျဉ်းထောင်အား ကြည့်ရှုစစ်ဆေး

 

ပုသိမ်   ဒီဇင်ဘာ   ၂၅

ဧရာဝတီတိုင်းဒေသကြီး   တရားလွှတ် တော်တရားသူကြီး   ဦးဝင်းမြင့်သည်   ရုံးအဖွဲ့မှူး   ဦးကျော်စိုးညွန့်၊        ပုသိမ်ခရိုင် တရားသူကြီး  ဒေါ်ထွေးထွေးတို့နှင့်အတူ        ဒီဇင်ဘာ  ၂၁  ရက်  နံနက်ပိုင်းက     ပုသိမ် အကျဉ်းထောင်အား  ကြည့်ရှုစစ်ဆေးရာ  ပုသိမ်အကျဉ်းထောင်      တာဝန်ခံအရာရှိက အကျဉ်းထောင်အတွင်း  အခြေအနေများ ကို      ရှင်းလင်းတင်ပြသည်။

 


  ထို့နောက်  တိုင်းဒေသကြီး   တရား လွှတ်တော် တရားသူကြီးနှင့် တာဝန်ရှိသူ များသည်   အကျဉ်းထောင်အတွင်း အကျဉ်းသား၊  အကျဉ်းသူ၊   အချုပ်သား၊ အချုပ်သူများနေထိုင်သည့် အဆောင်များ နှင့် စားဖိုဆောင်၊ ဆေးပေးခန်း၊ စာကြည့် တိုက်တို့သို့    လှည့်လည်ကြည့်ရှုကာ    ၎င်းတို့အား ဥပဒေပါ အခွင့်အရေးများရရှိ ခွင့် ရှိ/ မရှိ   နေရာထိုင်ခင်း  သက်သာ ချောင်ချိမှု   ရှိ/ မရှိ   အစာအာဟာရ သင့်တင့်မျှတမှု   ရှိ/မရှိ   ကျန်းမာရေး    စောင့်ရှောက်မှု  အခြေအနေနှင့်  အသက် မွေး၀မ်းကျောင်း  အတတ်ပညာသင်ကြား ပေးမှု    အခြေအနေများကို  မေးမြန်း ဆွေးနွေးခဲ့ပြီး   လိုအပ်ချက်များကို   ဖြည့် ဆည်းဆောင်ရွက်ပေးရန် အကျဉ်းထောင် ရှိ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။              

ကိုတွတ် (ပြန်/ဆက်)